VR သရုပ်ပြ ပင်နယ်တီကန်သွင်းမှုပါ လုပ်ပြခဲ့ပါတယ်။

ပဉ္စမျိုးဆက် ကွန်ရက် နည်းပညာ ဖြစ်တဲ့ 5G အပါအဝင် နောက်ဆုံးပေါ် ထိပ်တန်းနည်းပညာ သရုပ်ပြသမှုကို Ooredoo နဲ့Nokia တို့ပူးပေါင်းပြီး စက်တင်ဘာ ၁၀ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

IMG_0441_1280x960.JPG

Photo: Duwun Tech

 

ဒီပွဲမှာ 5G ကို ဉာဏ်ရည်မြင့် စက်ရုပ်များ ၊ ပုံရိပ်ယောင် VR နည်းပညာများ ၊ ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာ IoT ကဏ္ဍများ ၊ အများပြည်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ နယ်ပယ်များမှာ အသုံးချနိုင်ပုံကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ လက်တွေ့သရုပ်ပြမှုမှာတော့ Nokia ရဲ့ နည်းပညာပံ့ပိုးမှုနဲ့app များ ၊ စက်မှုလုပ်ငန်းများနဲ့အခြားကဏ္ဍမျိုးစုံမှာ လက်တွေ့အသုံးချနိုင်ပုံကို လုပ်ဆောင်ပြသခဲ့ပါတယ်။

5G သရုပ်ပြသပွဲမှာ vr သရုပ်ဖော်မှုအဖြစ် ပုံရိပ်ယောင် ဘောလုံးကွင်းအတွင်း VR နည်းပညာနဲ့ပင်နယ်တီကန်ပုံ ၊ အမှတ်စာရင်း တက်လာပုံကိုပါ စမ်းသပ်ပြသခဲ့ပါတယ်။ ဒါ့အပြင် VR မျက်မှန်များနဲ့stereoscopic VR 360 ဒီဂရီကင်မရာများ အသုံးပြုပြီး ပွဲကြည့်သူများမှ ကွင်းအတွင်း ပါဝင်နေသလိုမျိုး ခံစားမှုကိုပါ လက်တွေ့နမူနာ ပြခဲ့တာပါ။

Photo: Duwun Tech

 

ကွန်ရက်နည်းပညာသစ်ဖြစ်တဲ့ 5G ဟာ 4G ချိတ်ဆက်မှုထက် အဆ ၁၀၀ ပိုမြန်ဆန်တာကြောင့် နည်းပညာပိုင်း တိုးတက်မှုနဲ့အတူ အခြားစီးပွားရေး ၊ ပညာရေး ကဏ္ဍများအတွက်လည်း များစွာ အကျိုး ဖြစ်ထွန်းစေမယ်လို့ဆိုပါတယ်။

အနာဂါတ်နည်းပညာခေတ်အတွက် အရေးပါတဲ့ 5G ကွန်ရက်လွှမ်းခြုံမှုကြောင့် စမတ်ဖုန်းသုံးစွဲသူများ မြန်နှုန်းမြင့် ဒေတာ သုံးစွဲနိုင်ပြီး အလိုအလျောက် ထိန်းချုပ် လုပ်ဆောင်နိုင်တဲ့ စက်ရုံနည်းပညာများ ၊ AR/VR ကွန်ပျူတာအာရုံခံစနစ်များ ၊ အဝေးထိန်းကျန်းမာရေးစောင့်ရှောက်မှု ၊ မောင်းသူမဲ့ကားနည်းပညာနဲ့အခြား စီးပွားရေးပိုင်းများပါ ထွန်းကားလာမှာ ဖြစ်ပါတယ်။

Ooredoo နဲ့ပူးပေါင်းထားတဲ့ Nokia ဟာ မကြာသေးခင်က 5G ကွန်ရက် သဘောတူညီမှုအတွက် အမေရိကန် T-Mobile တယ်လီကွန်းလုပ်ငန်းစုနဲ့ဒေါ်လာ ၃.၅ ဘီလျံ စာချုပ်ချုပ်ဆိုထားပါတယ်။

Photo: Duwun Tech

 

Ooredoo Group ဟာ Nokia ကုမ္ပဏီနဲ့ပူးပေါင်းပြီး “5G ကွန်ရက်သို့ ပြောင်းလဲတိုးတက်မှု” နာမည်နဲ့မျိုးဆက်သစ်ကွန်ရက်နည်းပညာကို ဖော်ဆောင်ဖို့ဖေဖော်ဝါရီလကုန်ပိုင်း ကြေငြာထားပါတယ်။ 5G ကွန်ရက်စနစ်ကို Ooredoo Group အနေနဲ့အရှေ့တောင်အာရှဒေသ ၊ အရှေ့အလယ်ပိုင်း ဒေသ နဲ့မြောက်အာဖရိကတို့မှာ 5G ကွန်ရက်ဝန်ဆောင်မှုကို အဆင့်မြှင့်တင်သွားမယ်လို့သိရပါတယ်။ 

Share

Loading Next Article...
က္က