တန်ဖိုးနည်းဖုန်းဖြစ်ပြီး 5000mAh ပါဝါနဲ့ လာပါတယ်

အကြီးစားဘက်ထရီနဲ့ Samsung ရဲ့ တန်ဖိုးနည်း Galaxy A04 စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ တရားဝင်ထွက်ခဲ့တဲ့ Galaxy A03 ရဲ့ အဆက် Samsung Galaxy A04 ဟာ HD+ Display ၊ 50MP Dual Cameras နဲ့ 5000mAh ဘက်ထရီအကြီးစားတွေ သုံးလာတာပါ။ Galaxy A04 ဟာ ၉.၁ မီလီမီတာ ထူပြီး ၁၉၂ ဂရမ်ဝန်းကျင် လေးပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၅ လက်မ LCD Panel ဟာ Infinity-V notch နဲ့ လာပါတယ်။ ရုပ်ထွက် HD+ ပါရှိပြီး notch ထဲမှာ 5MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။ 




ကျောဘက်မှာ LED Flash မီးတစ်ခုနဲ့အတူ နှစ်လုံးတွဲကင်မရာစနစ် ဖြစ်တဲ့ 50MP Main Camera နဲ့ 2MP Depth Sensor တို့ ပါရှိပါတယ်။ Android 12 စနစ် အခြေခံထားတဲ့ One UI Cor 4.1 စနစ်သုံးထားပြီး Processor ကိုတော့ Octa-Core Exynos 850 Chipset နဲ့ လာပါတယ်။ RAM ပမာဏ 4GB/6GB နဲ့ 8GB သုံးမျိုး ထွက်ထားပြီး Storage ကို 32GB/64GB နဲ့ 128GB ဆိုပြီး ထွက်ထားတာပါ။ Storage ထပ်မြှင့်ချင်သူတွေအတွက် microSD Card Slot တစ်ခုလည်း ပါလို့ အဆင်ပြေမှာပါ။ 

Galaxy A04 ဟာ အကြီးစား ဘက်ထရီသုံး တန်ဖိုးနည်းဖုန်းဖြစ်ပြီး 5000mAh ပါဝါနဲ့ လာပါတယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာ Dual-SIM Support ၊ 4G VoLTE ၊ W-FI 802..11ac ၊ Bluetooth 5.0 ၊ GPS ၊ USB-C port နဲ့ 3.5mm Headphone Jack တို့လည်း ပါရှိပါတယ်။ အရောင်အနေနဲ့ အနက် ၊ အဖြူ ၊ အစိမ်နဲ့ ကြေးဝါ ၄ ရောင် ထွက်ပြီး ဈေးနှုန်း ကြေညာထားခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က