အကြီးစားဘက်ထရီနဲ့ Flagship processor သုံးထားပါတယ်

ကျစ်ကျစ်လျစ်လျစ် Flagship ဖုန်းချစ်သူတွေအတွက် Asus ရဲ့ အမိုက်စားကင်မရာစနစ်သုံး Zenfone သစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 

မျက်နှာပြင်ကြီးကြီး ခေတ်ပေါ်ဖုန်းတွေအကြားမှာ Asus က ရှားရှားပါးပါး Compact ဆိုဒ်သုံး အန်းဒရိုက်ဖုန်းကို ကြေညာလာတာပါ။ Asus Zenfone 9 ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ အကောင်းစားရုပ်ငြိမ်ကင်မရာစနစ် သုံးလာတာပဲ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဓါတ်ပုံစနစ်ရဲ့ ကြုံနေကျ ပြဿနာဖြစ်တဲ့ အလင်းအားနည်းတာနဲ့ အရုပ်မငြိမ် Shaky ဖြစ်တာတွေကို ဖြေရှင်းဖို့ 6-axis Hybrid Gimbal စတိုင် OIS/EIS Stabilizer ရုပ်ငြိမ်နည်းပညာကို Main Camera ဖြစ်တဲ့ 50MP Sensor f/1.9 Lens မှာ သုံးလာပါတယ်။ 




ကျောဘက် Panel မှာ ကင်မရာနှစ်လုံးပဲ သုံးထားပြီး ကင်မရာ Lens ဖွဲ့စည်းမှုက အဝိုင်းပုံ Lens နှစ်ခု အပေါ်အောက် ဆင့်ထားတာပါ။ ခေတ်ပေါ်စမတ်ဖုန်းတွေလိုမျိုး Macro တို့ Depth Sensor တို့ သုံးမလာဘဲ 50MP Main Sensor နဲ့အတူ အောက်မှာ 12MP Ultrawide Lens ကို တပ်ဆင်ထားပါတယ်။ autofocus ပါတဲ့ ဒီ Ultrawide Lens ကို Macro Camera လိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက် Punch-Hole ကင်မရာပေါက်ထဲမှာ 12MP Selfie ကင်မရာ ထည့်သွင်းထားပြီး Dual PDAF ကြောင့် ပြတ်သားတဲ့ ဆယ်လ်ဖီရုပ်ထွက်နဲ့ 4K 30fps ဗွီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ 

ပင်မကင်မရာရဲ့ stabilizer ဟာ ဘေး နဲ့ အထက်အောက် လှုပ်ရှားမှုအပြင် အရှေ့အနောက် z-axis လှုပ်ရှားမှုကိုပါ မှန်ကန်အောင် ထိန်းညှိပေးနိုင်တဲ့ စနစ် ပါလာပါတယ်။ Zenfone 8 မှာ သုံးတဲ့ ပုံမှန် OIS ရုပ်ငြိမ်စနစ်တွေလို ၁ ဒီဂရီလှုပ်ရှားမှုနဲ့ ယှဉ်ရင် ၃ ဒီဂရီ လှုပ်ရှားမှုတွေ ပါလို့ shutter အမြန်နှုန်းနှေးပြီး low-light အခြေအနေတွေမှာ အလင်းပိုဖမ်းနိုင်စွမ်း ရှိနိုင်ပါတယ်။ ရုပ်ထွက်နဲ့ ကာလာအသေးစိတ် ပိုထွက်တဲ့အပြင် ဗွီဒီယိုရိုက်ကူးမှုကိုလည်း EIS နဲ့ဆို 8K 24fps နဲ့ 4K 60fps နှုန်း ရိုက်ကူးနိုင်စေမှာပါ။ 

ဒီဇိုင်းပိုင်းမှာ သိသာတဲ့အချက်က iPhone 12 စတိုင် Flat Edge ဘောင်နဲ့လာပြီး သပ်ရပ်ကျစ်လျစ်တဲ့ ဘော်ဒီအချိုးနဲ့ ၅.၉ လက်မ Screen 120Hz OLED Display သုံးလာပါတယ်။ ကျောဘက်ကွန်ပိုးဆစ်ပလတ်စတစ် နဲ့ ရှေ့ဘက် Gorilla Glass Victus မှန်အုပ်ထားပြီး အကြမ်းခံ အလူမီနီယမ်ဘောင်နဲ့ ကွပ်ထားသလို Headphone Jack သုံးထားတာလည်း စိတ်ချမ်းသာစရာပါပဲ။ Flagship ဖုန်းတစ်လုံး ဖြစ်တဲ့အတိုင်း IP68 Rating ရေစိုခံမှုပါဝင်သလို Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 8 Plus Gen 1 Processor ကိုလည်း သုံးလာပါတယ်။ 



၆ လက်မ Display သုံး ဖုန်းတစ်လုံးအတွက် 4300mAh ဘက်ထရီသုံးတာဟာ အကြီးစားဘက်ထရီပါဝါလို့ ပြောနိုင်သလို 30W Fast Charging အားသွင်းစနစ် ထည့်ပေးထားတာလည်း အဆင်ပြေတယ်လို့ ပြောရမှာပါ။ ဖုန်းဗူးထဲမှာ Adapter တစ်ခု ပါလာပေမယ့် ကြိုးမဲ့အားသွင်းစနစ်တော့ အထောက်အပံ့ပေးမထားပါဘူး။ တခြား features တွေအနေနဲ့ ဘေးဘောင် လက်ဗွေစနစ် ၊ Android 12 စနစ် နဲ့ major OS Update ၂ ခု နဲ့ Security Patch အနည်းဆုံး ၂ နှစ် ရပါမယ်။  

Zenfone 9 ကို ဥရော ၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်ဈေးကွက်တွေမှာ RAM 8GB/128GB Base Model အတွက် ‌ဒေါ်လာ ၈၀၀ (မြန်မာငွေ ၁၆ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က