ဂိုးသွင်းဘုရင်ဖြစ်ဖို့ပါ သေချာသွားခဲ့ပါပြီ။

အခုမနက်ကစားခဲ့တဲ့ ဖီလာဒဲလ်ဖီးယားနဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်မှာလည်း အင်တာမိုင်ယာမီတို့ ပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါပြကီ။ အင်တာမိုင်ယာမီဟာ ပြိုင်ဘက်ကို ပထမပိုင်းမှာကတည်းက ဂိုးပြတ်အနိုင်ယူထားခဲ့ပြီးတော့ ဗိုလ်လုပွဲအတွက် သေချာသွားခဲ့ကာ ဒီအသင်းက ဘယ်လိုမှကို ရပ်တန့်မရအောင်ကို ဖြစ်နေခဲ့ပါပြီ။ 

မက်ဆီရောက်လာပြီးကတည်းက ချက်ချင်းပဲ အသွင်ပြောင်းခဲ့တဲ့ အင်တာမိုင်ယာမီက ရင်ဆိုင်ရသမျှ အသင်းတိုင်းကို အနိုင်ယူနေခဲ့တာပါ။ ဒီနေ့ပွဲမှာလည်း မက်ဆီက အသင်းအတွက် ဒုတိယမြောက်ဂိုးကို ဧရိယာအပြင်ဘက်ကနေ အနိမ့်ဘောကန်ချက်နဲ့ သွင်းယူပြီး ၆ ပွဲဆက်တိုက်ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းပြသနေမှုကို ဆက်ထိန်းသိမ်းသွားခဲ့ပါတယ်။ 

မာတီနက်ဇ်က အဖွင့်ဂိုးကို သွင်းယူပေးပြီး ပင်နယ်တီကမဟုတ်ဘဲ ဂိုးပြန်ရခဲ့ပြီဖြစ်သလို ယော်ဒီအယ်လ်ဘာကလည်း အင်တာမိုင်ယာမီအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာပဲ ၃ဂိုးပြတ်နဲ့ဦးဆောင်ခဲ့ကာ ပြိုင်ဘက်က​ချေပဂိုးတဂိုးပြန်သွင်းခဲ့ပေမယ့် ဒေးဗစ်ရုဇ်က လေးဂိုးမြောက်ဂိုးသွင်းကာ အင်တာမိုင်ယာမီတို့ ဂိုးပြတ်နိုင်ပွဲတပွဲကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ 

လိဂ်ဖလားဗိုလ်လုပွဲမှာတော့ အင်တာမိုင်ယာမီဟာ မက္ကဆီကိုကလပ် မွန်တာရေး နဲ့ မေဂျာလိဂ်ကလပ် နက်ရှ်ဗီးလ်တို့ပွဲက အနိုင်ရအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ မက်ဆီက ဒီပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဖြစ်ဖို့ သေချာနေပြီဖြစ်ကာ လိဂ်ဖလားကို အရယူပေးနိုင်ဖို့ပဲ ကျန်ပါတော့တယ်။ ဒါကို သူလုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ 

Share

Loading Next Article...
က္က