Gentleman Style ကို မြန်မာပြည်မှာ လူကြီးရော၊ လူငယ်တွေပါ ဝတ်ဆင်လာကြပါပြီ။

tumblr_mvue3z0IQD1ryp639o1_1280.jpg

ဟိုနားဒီနားသွားတဲ့အခါမှာ သာမန်ကြည့်ကောင်းရုံလောက် ဝတ်ဆင်နိုင်ပေမဲ့၊ ဧည့်ခံပွဲ၊ ဖျော်ဖြေပွဲတွေ၊ အလုပ်၊ ရုံးသွားတဲ့အခါမှာ ဝတ်ဆင်ကြတဲ့အခါ ခန့်ခန့်ညားညားနဲ့ ကြည့်ကောင်းအောင် ဝတ်ဆင်ကြဖို့လိုပါတယ်။ သင့်ကိုယ်သင်အကောင်းဆုံးကြည့်ကောင်းအောင် ဝတ်ဆင်ထားရင် အလုပ်ထဲမှာရော၊ လူမှုဆက်ဆံရေးနယ်ပယ်တွေမှာပါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေပါတယ်။ သပ်ရပ်ခန့်ညားပြီး အမျိုးသမီးတွေခိုက်သွားစေလောက်အောင် စမတ်ကျကျဘယ်လိုဝတ်ဆင်ရမလဲ အောက်မှာဖော်ပြပေးထားပါတယ်။

ရှပ်အကျႌ

ရှပ်အကျႌကို မိမိကိုယ်တိုင်းနဲ့ ဆိုင်မှာသေချာတိုင်းပြီးချုပ်တာက အကောင်းဆုံးပါပဲ။ အသင့်ချုပ်ပြီးသား ဝယ်မယ်ဆိုရင်တော့ မဝယ်ခင် ဆိုင်ကအဝတ်လဲခန်းထဲဝင်ပြီး စမ်းဝတ်ကြည့်ဖို့အကြံပေးပါရစေ။ များသောအားဖြင့် အမျိုးသားအများစုဟာ အဝတ်အစား ရွေးချယ်ရတာမျိုးတွေမှာ စိတ်မရှည်တတ်ကြပါဘူး။ ဆိုက်၊ အရောင် အဆင်ပြေတာဆိုပြီး ကောက်ဝယ်တတ်ကြပါတယ်။ Formal Wear ဆိုတာမျိုးက မိမိ ဘယ်လောက်ခန့်ညားသလဲဆိုတာကို အများကြီး ဖော်ပြနိုင်တဲ့ ဝတ်စားဆင်ယင်မှုဆိုတာမမေ့သင့်ပါဘူး။ ချုပ်ဝတ်ချင်သူများအတွက် ဗိုလ်ချုပ်ဈေးမှာ ပုံကျပြီးစိတ်တိုင်းကျချုပ်ပေးနိုင်တဲ့ဆိုင်တွေ အများအပြားရှှိပါတယ်။

ရှပ်အကျႌ အရောင် ဘယ်လိုရွေးမလဲ။

အမြဲတမ်း ရှပ်အဖြူရောင်  ဝတ်နေရင်တော့ ပျင်းစရာကောင်းလာမှာအမှန်ပါပဲ။ အပြောင်းအလဲတစ်ခုအနေနဲ့ အနက်ရောင်ကုတ်အကျႌကို အရောင်ပါတဲ့ ရှပ်အကျႌပြောင် (ဥပမာ- နီညိုရောင်ရင့်ရင့်) နဲ့လည်း ဝတ်ဆင်နိုင်ပါတယ်။ ရုံးတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာတော့ အဖြူရောင်၊ ဒါမှမဟုတ် အပြာရောင် ရှပ်အကျႌတွေ ဝတ်သင့်ပါတယ်။ အစင်းကျား၊ လေးထောင့်ကွက်တွေပါတဲ့ ရှပ်အကျႌတွေက တစ်ချို့အမျိုးသားများနဲ့ အလွန်လိုက်ဖက်ပြီး နှစ်လိုဖွယ်ကောင်းနေတတ်ပါတယ်။ အဖြူရောင်ရှပ်အကျႌ ဘောင်းဘီအရောင်အမျိုးမျိုးနဲ့တွဲပြီး ကုတ်အကျႌအရောင်ရင့်ရင့်ဝတ်ဆင်ခြင်းကတော့ ထုံးတမ်းအစဉ်အလာ ညနေခင်း ဝတ်စုံပါပဲ။ သင့်ရဲ့ ဝတ်စုံကို ပိုပြီးစတိုင်ကျသွားအောင် ဝတ်စုံနဲ့ အရောင်ကွဲတဲ့ နက်ခ်တိုင် (လည်စည်း) ကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ တကယ်လို့ သင်အလုပ်လုပ်တဲ့ နေရာ၊ သင်သွားမယ့်နေရာဟာ ရှေးဆန်တဲ့နေရာ မဟုတ်ဘူးဆိုရင် တောက်ပတဲ့ အရောင်တွေ၊ ပေါင်းစပ်ထားတဲ့ အရောင်တွေကို ဝတ်ဆင်နိုင်ပါတယ်။

နက်ခ်တိုင် (လည်စည်း)

လည်စည်းကို ရုံးမှာ၊ အလုပ်ထဲမှာတော့ မဝတ်သင့်ပါဘူး။ နက်ခ်တိုင်တွေကို အရှည်နှစ်မျိုးနဲ့ ရောင်းချလေ့ရှိပါတယ်။ စံသတ်မှတ်ထားတဲ့အရှည်က ၅၆ လက်မဖြစ်ပြီး အဲဒီထက်ပိုရှည်တဲ့ လက်မ ၆၀ တို့ကို ဝယ်ယူနိုင်ပါတယ်။ အကယ်၍ သင်ဟာအရပ် ၆ ပေထက်ကျော်ပြီး ဗိုက်ပူနေတဲ့ လူဝကြီးမဟုတ်ဘူးဆိုရင်တော့ ၅၆ လက်မရှည်တဲ့ နက်ခ်တိုင်ကိုပဲ ဝယ်ပါ။ နက်ခ်တိုင်စည်းတဲ့အခါ အောက်အနားစဟာ သင့်ခါးပတ်ခေါင်းကို ဖုံးမိသွားအောင် စည်းသင့်ပါတယ်။ မစည်းတတ်တဲ့သူများအတွက် ဇစ်ပါတဲ့ နက်ခ်တိုင်တွေ ဝယ်ဝတ်ရုံပါပဲ။

 

သင့်ဝတ်စားဆင်ယင်ပုံတွေက သင့်ကိုယ်ပိုင်စတိုင်ဖြစ်ပြီး သင့်ခံစားမှုတွေနဲ့ အပြန်အလှန်စပ်ဆက်နေတဲ့သဘောရှိပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ဂရုမစိုက်ဘူး၊ စိတ်ဝင်စားမှု မရှိဘူးဆိုရင်တော့ သင့်ရဲ့ စတိုင်လ်ဟာလည်း ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ အမျိုးသားတွေ ဘယ်လိုဝတ်ဆင်သင့်တယ်ဆိုတာကို သင်ကြုံတွေ့ရမယ့် အမျိုးသမီးတွေ သိကြပါတယ်။ သူတို့အကြိုက်ဝတ်တတ်တဲ့ အမျိုးသားတွေသာ သူတို့ကို ဆွဲဆောင်နိုင်ပါတယ်။ နောက်ဆုံးအကြံပေးချင်တာကတော့ သင့်အကျႌတွေကို မီးပူတိုက်ပြီးမှ ဝတ်သင့်ပါတယ်။ ဒါဟာ သင့်ကို ပိုပြီး ထင်ရှားပေါ်လွင်စေသလို အကျႌရဲ့ အရောင်ဟာလည်း အမြဲတောက်တောက်ပြောင်ပြောင်ဖြစ်နေပါလိမ့်မယ်။

Share

Loading Next Article...
က္က