.၈၅ အထက်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပါပြီ။

mulher-fita-metrica-28768-1-620x350.jpg 

အဆင့်  - ၁

အရင်ဆုံး ခါးကို ပေကြိုးနဲ့တိုင်းပါ။ ပုံမှာပြထားတဲ့အတိုင်းချက်နားတစ်ဝိုက်ကို တိုင်းရမှာ ဖြစ်ပါတယ်။ တင်ပါးအပေါ်ဘက်နားလေးကို မတိုင်းပါနဲ့။ ရရှိလာတဲ့ အတိုင်းအတာကို ရေးချပါ။

အဆင့် - ၂

IMG_1105.jpg 

တင်ပါးကို တိုင်းပါ။ တင်ပါးရဲ့ အပြန့်ကားဆုံး အပိုင်းကို တိုင်းပါ။ ရရှိလာတဲ့ ပမာဏကို ချရေးပါ။

အဆင့်  - ၃

aid1068175-900px-Calculate-Your-Waist-to-Hip-Ratio-Step-7.jpg 

ရလာတဲ့ ခါးရဲ့ အတိုင်းအတာကို တင်ပါးရဲ့ အတိုင်းအတာနဲ့ စားရမှာ ဖြစ်ပါတယ်။ ဥပမာ - ခါးရဲ့ အတိုင်းအတာက ၂၆ လက်မ ဖြစ်ပြီး တင်ရဲ့ အတိုင်းအတာက ၃၂ လက်မ ဖြစ်တယ်ဆိုရင် ၂၆ ကို ၃၂ နဲ့စားရမှာ ဖြစ်ပါတယ်။ ၂၆ ကို ၃၂ နဲ့စားတဲ့အခါ .၈၁၂၅ ရပါတယ်။ တွက်တဲ့အခါ ဂဏန်းပေါင်းစက်သုံးတာ ပိုကောင်းပါတယ်။

အဆင့် - ၄

ယောက်ကျ်ားလေးတစ်ယောက်ရဲ့ တင်ပါးအချိုးဟာ .၉၀ ထက် မကျော်သင့်ပါဘူး။ .၉၀ အောက်ရှိနေတယ်ဆိုုရင် အဆင်ပြေပေမယ့် ဒီ့ထက်ကျော်သွားရင် အဝလွန်နေတာမျိုး ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။

 

အမျိုးသမီးဆိုရင်တော့ .၈၀ ဝန်းကျင်ဟာ အကောင်ဆုံးဖြစ်ပါတယ်။ .၈၅ အထက်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပါပြီ။

Photos & Source: wikiHow

Share

Loading Next Article...
က္က