အနံ့ပြင်းတဲ့အစားအစာတွေကိုတော့ လျှာ့စားရမှာ ဖြစ်ပါတယ်။

body-odor.jpg 

၁ - ပုံမှန်ရေချိုးပါ

ပုံမှန်ရေးချိုးဖို့တော့ လိုပါတယ်။ အပင်တွေကနေ အခြေခံထုတ်လုပ်တဲ့ ဆပ်ပြာမျိုးကို သုံးသင့်ပါတယ်။ ဆပ်ပြာကိုလည်း အချိန်ကြာအောင် တိုက်ပေးသင့်ပါတယ်။

၂ - ရေပြောင်အောင် သုတ်ပါ

aid1609230-728px-Make-a-Body-Wrap-Towel-After-a-Shower-Step-1.jpg 

ချိုင်းလို ခန္ဓာကိုယ်အနံ့ထွက်တဲ့နေရာတွေကို ရေခြောက်အောင် သုတ်ပေးဖို့ လိုပါတယ်။ ပေါင်ခြံလို အသားနှစ်ခု ထိတွေတဲ့နေရာတွေမှာလည်း ရေခြောက်အောင် သုတ်ပေးဖို့လိုပါတယ်။

၃ - ဘက်တီးရီးယားမမွေးနဲ့

armpit__square.jpg 

ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်တဲ့ နေရာကို ရှင်းလင်းပေးတာ ကောင်းပါတယ်။ ဥပမာ - ချိုင်းမွှေးရိတ်ပေးခြင်းဟာ သင့်ကိုယ်နံ့ကို လျော့ကျစေပါတယ်။ ရှုးဖိနပ်ဝတ်တတ်တယ်ဆိုရင်လည်း ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။

၄ - ချည်သား

2016-Fashion-Women-font-b-Clothing-b-font-Summer-Dress-font-b-Fresh-b-font-Style.jpg 

သဘာဝချည်သား အကျႌမျိုးကို ဝတ်ပါ။ ချည်သားအကျႌတွေဟာ အရေပြားအတွက် လေဝင်ပေါက်လေးတွေပေးထားတာကြောင့် အေးမျှပြီး ချွေးထွက်နည်းစေပါတယ်။ ချည်သားကိုဝတ်တာဟာ အရေပြားကိုလည်း ကျန်းမာစေပါတယ်။

၅ - ဆေးလိပ်နဲ့ ဆေးရွက်

smoking.jpg 

ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးပါတဲ့ ပစ္စည်းတွေ ဝါးတာမျိုးကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။

၆ - ရေ

young_woman_drinking_a_glass_of_water.jpg 

ရေများများသောက်ရပါမယ်။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်စေတဲ့ အညစ်အကြေးတွေကို ရေက ဖယ်ရှားပေးနိုင်ပါတယ်။

၇ - အနံ့ပြင်းတဲ့အစားအစာ

garlic_RHS_MAR0002748_940x627.jpg 

အနံ့ပြင်းတဲ့အစားအစာတွေကိုတော့ လျှာ့စားရမှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူနဲ့မဆလာလို ပစ္စည်းတွေကို လျှော့သုံးသင့်ပါတယ်။ ကော်ဖီတအားသောက်တဲ့လူတွေကလည်း ကိုယ်နံ့ပြင်းတတ်ပါတယ်။

၈ - အစိမ်းရောင်

o-GREEN-VEGETABLES-570.jpg 

အစိမ်းရောင် အသီးအရွက်တွေကို များများစားတဲ့အလေ့အကျင့် လုပ်ထားသင့်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က