အချိန်ရှိသ၍ ဖုန်းကိုပဲကြည့်ပြီး တစ်ဖက်လူကိုအာရုံမစိုက်တာမျိုး ဘယ်သူမှလက်မခံချင်ပါဘူး။
 

ယနေ့ခေတ်ဟာ လူမှုကွန်ရက်နဲ့ ကင်းကွာဖို့ ခက်ခဲတဲ့ခေတ်ကြီးပါပဲ။ အထူးသဖြင့် လူငယ်တစ်ဦးအနေနဲ့ဆိုရင် ပိုခက်ပါလိမ့်မယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေက လူမှုကွန်ရက်ပေါ်မှာ ပိုပြီးအချိန်ကုန်လေ့ရှိကြပါတယ်။ အမျိုးသားတွေကတော့ လူမှုကွန်ရက်အလွန်အကျွံသုံးလွန်းတဲ့ မိန်းကလေးတွေဆိုရင် သဘောမကျကြကြောင်း Reddit ဝက်ဘ်ဆိုက်မှာ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

 

Reddit ဝက်ဘ်ဆိုက်အသုံးပြုသူတစ်ဦးက "မိန်းမတစ်ယောက်ရဲ့ဘယ်လိုအနေအထားမျိုးက သင့်ကိုစိတ်ကုန်စေနိုင်သလဲ" ဆိုတဲ့မေးခွန်းနဲ့ ထင်မြင်ချက်ကို မေးမြန်းခဲ့ရာမှာ လူမှုကွန်ရက်ကို အချိန်ပေးအာရုံစိုက်လွန်းတဲ့ အမျိုးသမီးတွေကို စိတ်ကုန်မိကြောင်း အမျိုးသားအများစုက ဖြေကြားခဲ့ကြပါတယ်။ အချို့ကတော့ ပွင့်လင်းမှုမရှိတာ၊ အေးစက်စက်ပုံစံ အမျိုးသမီးတွေကို သဘောမကျကြဘူးလို့လည်း ဆိုပါတယ်။ ဝါသနာတွေအများကြီးရှိတဲ့အမျိုးသမီးတွေက သူတို့ကို ပိုပြီးဆွဲဆောင်နိုင်တယ်လို့ အမျိုးသားတွေက ဖြေပါတယ်။ ဒါပေမဲ့ အချိန်ပြည့် ဖုန်းကိုကြည့်နေပြီး ဖေ့စ်ဘွတ်၊ အင်စတာဂရမ်တို့လို လူမှုကွန်ရက်တွေပေါ်မှာပဲ အချိန်ကုန်နေတတ်တဲ့ အမျိုးသမီးတွေကိုတော့ သဘောလည်းမကျကြသလို သူတို့ကိုမဆွဲဆောင်နိုင်ဘူးလို့လည်း ရေးသားဖြေကြားခဲ့ကြပါတယ်။

Source : Reddit, The Sun

Share

Loading Next Article...
က္က