ပိန်ချင်ရင် လေ့ကျင့်ခန်းလုပ်သင့်သလို ဝချင်ရင်လည်း လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။
 

၁ - ကယ်လိုရီ

ဝိတ်ကျဖို့ ကယ်လိုရီများတဲ့ အစားအစာတွေကို လျှော့စားသင့်သလို ဝိတ်တက်ဖို့ဆိုရင်တော့ ကယ်လိုရီများတဲ့ အစားအစာတွေကို စားဖို့ လိုပါမယ်။ လက်ရှိကိုယ်အလေးချိန်ထက် ကီလိုဝက်တက်လာဖို့အတွက် နေ့စဉ် ကယ်လိုရီ ၂၅၀ ကျော် စားဖို့လိုပါတယ်။ ဘာစားစား ကယ်လိုရီများတာကို စားပေးပါ။ အသင့်ထုပ်ပြီးသား သားရေစာတွေကိုတော့ ရှောင်ပါ။

 

၂ - တစ်နေ့ ခြောက်ခါ

ထမင်း တစ်နေ့ခြောက်ခါ စားပေးပါ။ ပုံမှန်စားနေကျ တစ်နေ့ သုံးခါကို အဓိကထားပြီး များများစားပါ။ ဒီကြားထဲမှာ စားနေကျထက်မများပေမဲ့ သုံးခါလောက် နည်းနည်း စားပေးပါ။ ထမင်းမဟုတ်ပေမဲ့လည်း တစ်ခုခု စားပေးရမှာ ဖြစ်ပါတယ်။

 

၃ - လေ့ကျင့်ခန်း

ပိန်ချင်ရင် လေ့ကျင့်ခန်းလုပ်သင့်သလို ဝချင်ရင်လည်း လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကြွက်သားတွေ တိုးလာမှာဖြစ်သလို ပိုလည်း စားဖြစ်လာပါလိမ့်မယ်။

 

၄ - အိပ်ပါ

အိပ်ရေးဝဝ အိပ်ဖို့တော့လိုပါတယ်။ တစ်နေ့ ရှစ်နာရီ ပုံမှန်အိပ်ဖို့တော့ လိုပါတယ်။

၅ - အားဆေး

ပုံမှန်စားပေမဲ့ သင်လိုချင်တဲ့ ခန္ဓာကိုယ်မျိုး မရဘဲ လျင်လျင်မြန်မြန် မဝဘူးဆိုရင်တော့ အားဆေးသောက်လို့လည်း ရပါတယ်။ ပရိုတိန်းအဓိကထားတဲ့ အားဆေးမျိုးတွေ သောက်ပေးသင့်ပါတယ်။

Photos & Source: Stylecraze

Share

Loading Next Article...
က္က