မိန်းကလေးတစ်ယောက်ဟာ လှပနေတာထက် တင့်တယ်ပြီးကျက်သရေရှိရှိလေးဖြစ်နေတာက ကြည့်လို့အကောင်းဆုံးပါပဲ။ စမတ်ကျကျနဲ့ ကျော့ရှင်းနေတဲ့ အသွင်ပြင်ကို ရရှိဖို့ဆိုတာ အဝတ်အစားတွေ မိတ်ကပ်တွေနဲ့တင် မလုံလောက်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူတွေကလည်း အရေးကြီးပါတယ်။

၁။ ခန္ဓာကိုယ်

ကိုယ့်ရဲ့ခန္ဓာကိုယ်က ပိန်တာဖြစ်ဖြစ် ၊ ဝတာဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေပါစေ ကိုယ်တိုင်လက်ခံထားပါ။ ကိုယ့်ခန္ဓာကိုယ်ကိုကြည့်ပြီး ကိုယ်တိုင် စိတ်ပျက်မနေပါနဲ့။ ကျန်းမာရေးမကောင်းတဲ့အနေအထားရောက်လောက်အောင် ပုံပျက်ပန်းပျက်ဖြစ်မနေဖို့ပဲ လိုတာပါ။

doing-yoga.jpg 

၂။ ယောဂ

ယောဂကျင့်စဉ်ဟာ ခန္ဓာကိုယ်အတွက် တကယ်ကောင်းပါတယ်။ ရွေ့လျားမှုတိုင်းကို လှပနေစေပြီး ခန္ဓာကိုယ်ပျော့ပျောင်းစေပါတယ်။ ပြီးတော့ စိတ်ကိုလည်း တည်ငြိမ်စေတယ်လေ။

၃။ ကိုယ်နေဟန်ထား

လက်ပြင်ကြီးကုန်းနေတာ၊ လမ်းလျှောက်တိုင်း ကို့ယို့ကားယားဖြစ်နေတာတွေက ဘယ်လိုမှ ကြည့်မကောင်းပါဘူး။ မှန်ရှေ့မှာရပ်ပြီး ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို လေ့ကျင့်ယူပါ။ ခေါင်းပေါ်ကို စာအုပ်တင်ပြီး ခေါင်းကိုမမော့၊ မငုံ့ဘဲ ဟန်ချက်ညီညီ လမ်းလျှောက်ကျင့်ကြည့်ပါ။

77bc3c27519e27feb9b26551b1baa038.jpg 

၄။ လေ့လာပါ

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက် ပိုပြီးစမတ်ကျ လှပနေသူတွေ အများကြီးပါပဲ။ သူတို့ကို လေ့လာကြည့်ပါ။ ဘယ်လိုတွေ ပြင်ဆင်သလဲ၊ ဘယ်လိုတွေ နေထိုင်ပြုမူသလဲဆိုတာတွေကို လေ့လာပြီး ကိုယ့်အတွက် ပြန်အသုံးချနိုင်ပါတယ်။ လုံးဝဥဿုံ ကူးချဖို့တော့ မဟုတ်ပါဘူး။

၅။ စကားပြောကြည်လင်ပြတ်သားပါစေ

ကျက်သရေရှိတဲ့ မိန်းကလေးတွေက စကားပြောတဲ့အခါ အသံ မတိုးမကျယ်နဲ့ ရှင်းလင်းပြတ်သွားစွာ ပြောလေ့ရှိပါတယ်။ အသံထွက်မှန်မှန် ပီပီသသနဲ့ ပြောရပါမယ်။ ကိုယ့်ရဲ့စကားလုံးတိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိပါစေ။

bigstockphoto_office_gossip__2045981.jpg 

၆။ အတင်းအဖျင်းမပြောပါနဲ့

နောက်ကွယ်မှာ အတင်းပြောတတ်တဲ့လူမျိုးဆိုရင် ဝေးဝေးရှောင်ပါ။ သူများအကြောင်း နောက်ကွယ်မှာပြောလေ့ရှိသူက ကိုယ့်အကြောင်းကိုလည်း နောက်ကွယ်မှာပြောဦးမှာပါပဲ။ ကိုယ်တိုင်လည်း အတင်းအဖျင်းတွေ ပြောတတ်သူမဖြစ်အောင် ဆင်ခြင်သင့်ပါတယ်။ ကောလာဟလနဲ့ အတင်းအဖျင်းဆိုတာ တောမီးလို ပျံ့နှံ့တာသိပ်မြန်တယ်လေ။

Source : Women Talk

[No available link text] 

Share

Loading Next Article...
က္က