၁ - နာမည်
ကလေးတွေမှ မဟုတ်ပါဘူး လူတစ်ယောက်ရဲ့ သတိထားအမှတ်ရမှုကိုခံချင်ရင် သူတို့ရဲ့နာမည်ကို မမေ့သင့်ပါဘူး။ ကလေးတွေမှာ ချစ်စနိုးနာမည်လေးတွေရှိတတ်ပြီး ဒီနာမည်ကို ခေါ်တာ သူတို့ကြိုက်တယ်ဆိုရင် ဒီနာမည်ကို ခေါ်သင့်ပါတယ်။
၂ - စကား
စကားပြောတဲ့အခါ သူတို့ကို အဓိကထားပြီး ပြောပါ။ သူတို့ပြောချင်တာကို ပြောပါစေ။ ကလေးတွေက သူတို့အကြောင်း ပြောပြရတာကို စိတ်လှုပ်ရှားပါတယ်။
၃ - အချိန်ဖြုန်း
သူတို့နဲ့ အချိန်ဖြုန်းပေးပါ။ သူတို့နဲ့ အတူ ဆော့ပေးပါ။ ကလေးတွေက ဂရုစိုက်မှုနဲ့ ချစ်ခြင်းကို လိုချင်ကြပါတယ်။ သူတို့နဲ့အတူ ဟိုနားဒီနားသွားပေးတာက တကယ်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။
၄ - ရယ်စရာ
သူတို့ရယ်မယ့် အပြုအမူတွေ လုပ်ပြပါ။ ဒီလိုဆိုရင် သင့်ကို သူတို့ယုံကြည်ပြီး သူတို့ခေါင်းထဲ သင်ရှိသွားပါပြီ။
၅ - သင်ပေးပါ
ပုံဆွဲသင်ပေးတာလိုမျိုး သူတို့ကြိုက်နိုင်တဲ့ တစ်ခုခုကို သင်ပေးပါ။ ဒီအခါမှာ သူတို့ရဲ့လေးစားမှုကိုလည်း သင်ရရှိမှာပါ။
၆ - တောင်းဆိုမှု
တစ်ခုခု လုပ်ပြဖို့ တောင်းဆိုတဲ့ အခါ လုပ်ပြပါ။ ဘာမှ ရှက်နေစရာမလိုပါဘူး။ သင်ဟာ သူတို့နဲ့အတူ ပျော်ရွှင်နိုင်တဲ့သူ ဖြစ်ကြောင်း ပြသပါ။
၇ - ချီးကျူးပါ
သူတို့ တစ်ခုခုအောင်မြင်သွားတဲ့အခါမျိုးမှာလည်း ချီးကျူးပေးပါ။ သူတို့ပေါ် သင်စိတ်ဝင်စားမှန်း သိသွားမှာပါ။
၈ - မေးပါ
သူတို့ကို မေးခွန်းတွေမေးပါ။ သူတို့ကြိုက်တဲ့ အစားအစာ၊ သူတို့ကြိုက်တဲ့ ကစားနည်း စတာတွေကို မေးပါ။ သူတို့ ပြောတဲ့အခါ အာရုံစိုက်ပြီးနားထောင်ပါ။
Photos & Source: wikiHow