တစ်ခါတစ်လေဘိုဆန်ဆန်လေးစားချင်လာလို့ ဝိုင်နဲ့ ပီဇာ တွဲစားဖို့စဉ်းစားမိရင် ဟိုတယ်ကြီးတွေသွားပြီး ဈေးကြီးပေးဝယ်စားစရာ မလိုအောင် ဝိုင်နဲ့ လိုက်ဖက်တဲ့ ပီဇာလုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။
Sponsored bylogo
 

တစ်ခါတစ်လေဘိုဆန်ဆန်လေးစားချင်လာလို့ ဝိုင်နဲ့ ပီဇာ တွဲစားဖို့စဉ်းစားမိရင် ဟိုတယ်ကြီးတွေသွားပြီး ဈေးကြီးပေးဝယ်စားစရာ မလိုအောင် ဝိုင်နဲ့

လိုက်ဖက်တဲ့ ပီဇာလုပ်နည်းကို ဖော်ပြပေးချင်ပါတယ်။ ပီဇာနဲ့ ဝိုင်တွဲဖက်သုံးဆောင်မယ်ဆိုရင် လိုက်ဖက်တဲ့အတွဲအစပ်ကတော့ စပိန်စပျစ်ဝိုင် Campo Viejo နဲ့

ဝက်အူချောင်း၊ သံလွင်သီး၊ချိစ်တို့နဲ့လုပ်ထားတဲ့ ပီဇာ အတွဲပဲဖြစ်ပါတယ်။ ဝက်အူချောင်း၊ သံလွင်သီး၊ ချိစ် ပီဇာလုပ်နည်းကတော့ အောက်ပါ

အတိုင်းပဲ ဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းများ

၁။ ဂျုံမှုန့် - ၆၀၀ ဂရမ်

၂။ ဆား  - ၂၀ ဂရမ်

၃။ တစေး - ၇ ဂရမ်

၄။ ရေနွေး - ၃၆၀ မီလီ

၅။ သံလွင်ဆီ - ၂ ဇွန်း

၆။ ခရမ်းချဉ်သီးအနှစ် - ၂၅၀ မီလီ

၇။ ဒေါက်ခွရွက် - လက်နှစ်ဆုပ်စာ

၈။ ပါးပါးလှီးထားသော ကြက်သွန်နီဥ - ၁ လုံး

၉။ လှီးထားတဲ့ဝက်အူချောင်း - ၃ ချောင်း

၁၀။ အစေ့ထုတ်ထားသောသံလွင်သီး - လက်တစ်ဆုပ်စာ

၁၁။ ချိစ် - ၁၅၀ ဂရမ်

 

 

ပြုလုပ်ပုံ

ဂျုံမှုန့် နဲ့ ဆားကို ပုဂံလုံးတစ်ခုထဲထည့်ပါ။ တစေးကို ရေနွေးနဲ့ပျော်အောင်ဖျော်ပါ။ ၅ မိနစ်လောက်ထားပြီးတဲ့နောက် ဂျုံမှုန့်ထည့်ထားတဲ့ပုဂံလုံးထဲကို

သံလွင်ဆီနဲ့အတူထည့်ပါ။ ဂျုံမှုန့်ညက်တဲ့ထိမွှေပါ။ တစ်နာရီလောက်တည်ထားပြီးနောက်မှာ ဂျုံကို ၆ လုံးခွဲပြီးလုံးပါ။ လုံးထားတဲ့ ဂျုံလုံးတွေကို ၂၀ စင်တီ

မီတာအရွယ်ရှိ ပီဇာအရွယ်လောက်ဖြစ်အောက် ပြန်ပြားပေးပါ။ မီးဖိုကို ၂၂၀ ဒီဂရီဆဲလ်စီးယက်စ်လောက် အပူကြိုပေးထားပါ။ ဒယ်ထဲကို ပီဇာထည့်ပြီး

ပီဇာတစ်ခုချင်းအပေါ်ကို ခရမ်းချဉ်သီးအနှစ်၊ ဒေါက်ခွရွက်၊ ဝက်အူချောင်း၊ ကြက်သွန်နီ၊ သံလွင်သီးတို့ကို တစ်ခုစီဖြူးပါ။ ပြီးရင် ချိစ်ဖြန်းပါ။ ၁၀ မိနစ်၊

၁၅ မိနစ်လောက်ဖုတ်ပြီးလို့ ရွှေရောင်သမ်းပြီး ကျက်သွားပြီဆိုရင်တော့ စပိန်စပျစ်ဝိုင်နဲ့ တွဲဖက်စားသုံးဖို့ အလိုက်ဖက်ဆုံး ပီဇာကို ရပြီပဲ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က