တစ်စုံတစ်ယောက်ကို လေးလေးနက် တွဲနေသူတွေနဲ့ ရည်းစားမရှိသူတွေကြား ဖေ့ဘွတ်စ် ပို့စ်တင်မှုဟာ ကွာခြားမှုရှိတယ်လို့ သုတေသနတစ်ခုအရ သိရပါတယ်။
ဖေ့စ်ဘွတ်ဟာ The Formation of Love ဆိုတဲ့ သုတေသနကို ပြုလုပ်ခဲ့ပြီး အဆိုပါ သုတေသနရဲ့ တွေ့ရှိချက်အရ တစ်ကိုယ်တည်းသမား အများစုဟာ ပျှမ်းမျှအားဖြင့် တစ်ရက်မှာ ပို့စ်နှစ်ခုတင်လေ့ရှိပါတယ်။ ဒီ့ထက်နည်းပြီး တင်သူတွေဟာ အတွဲရှိသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ရဲ့ အချက်အလက်ဆိုင်ရာ သိပ္ပံနည်းပညာဌာနမှ ကားလို့ဒူ့ခ်ရဲ့အဆိုအရ နှစ်ဦးသား relationships မစတင်မီ ရက်ပေါင်း ၁၀၀ အတွင်း အဆိုပါလူနှစ်ဦးရဲ့ ပို့စ်တင်နှုန်းဟာ လျော့ကျသွားခဲပြီး relationships စတင်ပြီဆိုတာနဲ့ ပို့စ်တွေဟာ နည်းပါးနေခဲ့ပြီ ဖြစ်ပါတယ်။ ပျှမ်းမျှအားဖြင့် relationships မတင်မီ ၁၂ ရက်အတွင်း ပို့စ်နှစ်ခုထက်လျော့တဲ့ ၁.၆၇ ပို့စ်တင်ပြီး relationships ချိတ်ပြီးတဲ့အခါ ၈၅ ရက်မှ ၁.၅၃ ပို့စ်သာ တင်တော့တာ ဖြစ်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းဟာ တစ်စုံတစ်ဦးနဲ့ လေးလေးနက်နက် တွဲသွားသူတွေဟာ အွန်လိုင်းမှာ အချိန်ကုန်တာ ယခင်ကထက် နည်းပါးသွားတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Photos & Source: Carlos Diuk (Facebook), seventeen