တူတွေ၊ တူမတွေက သင့်ကို ချစ်ခင်နေတတ်ကြပါတယ်။
 

၁ - လွပ်လပ်သူ

မိသားစုရဲ့ လောင်းရိပ်အောက်မှာ မနေချင်ဘဲ လွပ်လပ်မှုကို အလွန်တန်ဖိုးထားတာကြောင့် အမြဲရုန်းကန်နေရတတ်ပါတယ်။ မိသားစုဆီငွေကြေးထောက်ပံ့မှု မယူသူ၊ မယူဖို့အမြဲစဉ်းစားနေသူဖြစ်တတ်ပါတယ်။ အဓိက ကတော့ မိသားစုထဲ ရှေ့ကလူတွေ လုပ်တဲ့ လမ်းကြောင်းကို မလိုက်ချင်လို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်စည်းမျဉ်းနဲ့နေချင်သူပါ။

 

၂ - ပုံပြင်တစ်ပုဒ်

မိသားစု ဆွေမျိုးထဲမှာ သင်ဟာ ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ သင့်ဦးလေးတွေ၊အဒေါ်တွေက သူတို့ သားသမီးတွေကို သင့်အကြောင်းပြောပြပါတယ်။ ပုံပြင် အဆုံးမှာတော့ သင့်လိုနေထိုင်ခြင်းဟာ ဒုက္ခနဲ့ အဆုံးသတ်ရမယ်ဆိုတဲ့ သင်ခန်းစာမျိုး သင်ကြားပေးနေတတ်ပါတယ်။ ဒါပေမဲ့ တူတွေ၊ တူမတွေက သင့်ကို ချစ်ခင်နေတတ်ကြပါတယ်။

 

၃ - မယုံဘူး

တူတွေ၊တူမတွေက သင့်ကို ချစ်ပေမဲ့ အဒေါ်တွေ၊ ဦးလေးတွေကတော့ သူတို့သားသမီးတွေနဲ့ သင်ရောတာကို သဘောမကျတတ်ပါဘူး။ သင့်လွှမ်းမိုးမှုတွေ ရှိလာမှာ စိုးရိမ်ပါတယ်။

၄ - သင့်ချစ်သူ

သင့်ပုံစံကို လက်မခံရုံတင်မကဘဲ သင်ခေါ်လာတဲ့ ချစ်သူကိုလည်း အိမ်က လက်မခံပါဘူး။

 

၅ - မထောက်ပံ့ဘူး

တွေးခေါ်ပုံမတူရုံလေးဖြစ်ပေမဲ့ သင်လုပ်ချင်တဲ့ ရည်မှန်းချက်တွေ၊ စီးပွားရေးတွေကို သင့်အိမ်က ထောက်ပံ့မယ့်အလားအလာမရှိပါဘူး။ သူတို့နဲ့ တိုင်ပင်ရင်လည်း သင့်ကို မစခင်ကတည်းက ရှုံးနေတဲ့ အရှုံးသမားဆိုတဲ့ အပြုအမူမျိုး ပြပါလိမ့်မယ်။

 

၆ - အပြင်

ပထမတော့ သူငယ်ချင်းတွေ အိမ်မှာနေတာ များပါမယ်။ ကိုယ်ပိုင်ငွေကြေးရှိလာတဲ့အခါ ကိုယ့်ဘာကိုယ်နေပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ကို တစ်ခါတစ်ရံမှသာ သွားပါတော့တယ်။

Photos & Source: enkivillage

Share

Loading Next Article...
က္က