ဆီးခုံမွှေးကို တစိတ်တပိုင်း (သို့) အကုန်လုံး ဖယ်ရှားချင်ရင် အောက်ပါအချက်တွေကိုလုပ်ဆောင်ပါ။

Shaving-pubic-hair.jpg 

ဆီးခုံမွေးရိတ်ခြင်း

အမွေးရိတ်ခြင်းကို သင်မှန်မှန်ကန်ကန်လုပ်သရွေ့ လွယ်ကူပြီး နာကျင်မှုမရှိပါဘူး။ အမွေးထွက်တဲ့ လားရာဘက်ကို အရင်ရိတ်၊ ပြီးမှ ဆန့်ကျင်ဘက်လားရာဘက်အတိုင်းရိတ်ပါ။ အစိုဓါတ်ထိန်းပေးတဲ့ ခရမ်နဲ့ ထိန်းညှိပေးနိုင်တဲ့သင်တုန်းဓါးကို အသုံးပြုပါ။ ဆိုးကျိုးတစ်ခုကတော့ အမွေးတွေက ရက်အနည်းငယ်အတွင်း ပြန်ထွက်လာပါတယ်။

hair-removal.jpg 

အမွေးဖယ်ခရင်မ်

ခရင်မ်နဲ့ အမွေးဖယ်တာက အမွှေးကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်ပြီး နာကျင်မှုကင်းပေမဲ့ ရက်အနည်းငယ်အတွင်းမှာ အမွေးကပြန်ထွက်လာပါတယ်။ ခန္ဓာကိုယ်အတွင်းအတွက် ထုတ်လုပ်ထားတဲ့ အမျိုးအစားကို ရွေးချယ်ပြီး ဓါတ်မတည့်တာတွေကို စစ်ဆေးဖို့ အရေပြားပေါ်မှာ စမ်းသပ်ကြည့်ပါ။ အချိန်ကြာကြီး သတိမထားပဲ အရေပြားပေါ်မှာ ထားမိရင် ဒီခရမ်တွေက အသားအရေကို ထိခိုက်စေပြီး အနာတွေ ဖြစ်စေပါတယ်။

 

ဖြတ်ခြင်း

တစ်ချို့က အကုန်ပြောင်ရှင်းနေတာထက် အကာအကွယ်အနေနဲ့ ထားချင်ကြပါတယ်။ ကတ်ကြေးနဲ့ ခပ်ပါးပါးလေး ညှပ်ပြီး သင့်ဆီးခုံမွေးတိုအောင် လုပ်လို့ရပါတယ်။ ဆီးခုံမွေးခြောက်သွေ့တဲ့အခါ ဖြတ်ခြင်းက အကောင်းဆုံးပါပဲ။

Source : Young Women’s Health

Share

Loading Next Article...
က္က