သူတို့ဘာလုပ်လုပ် သင့်ဘက်က မေတ္တာမပျက်ကြောင်း ပြသပေးတဲ့နည်းကလည်း အသုံးဝင်ပါတယ်။
 

၁ - ထိန်းချုပ်

ပထမဦးဆုံးအနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးထိန်းချုပ်ပါ။ သူပေးတဲ့ အနှောင့်အယှက်ကြောင့် ကိုယ့်အလုပ်အကိုင်ပျက်ရတာမျိုး အဖြစ်မခံပါနဲ့။ စိတ်တွေကို လျှော့ထားပါ။ သူ့ကို တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။ သင့်ဘက်က ဂရုမစိုက်တဲ့အခါ သူ့ဘက်ကလည်း ရပ်သွားပါလိမ့်မယ်။

 

၂ - အားလုံးသိသူ

ဘာပြောပြော အားလုံးသိကြောင်း၊ သူကသာ ဆရာကြီးဖြစ်ကြောင်း လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်မျိုးဟာ သင့်စိတ်ပိုင်းဆိုင်ရာကို နှောင့်ယှက်ခြင်းမရှိဘူးဆိုရင်တော့ တုံ့ပြန်တာမျိုး မလုပါနဲ့။ ဒီလိုမှ မဟုတ်ဘဲ သင့်ကိုပါ လွှမ်းမိုးချင်တယ်၊ နှိမ်ချင်သလိုလုပ်တယ်၊ စိတ်အနှောင့်အယှက်ပေးတယ်ဆိုရင်တော့ တိုက်ရိုက်ဆွေးနွေးသင့်ပါတယ်။ အများရှေ့မှာ အော်ဟစ်ပြောဆိုတာမျိုး မဟုတ်ပါဘူး။ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ သူ့အပြုအမူတွေက စိတ်အနှောင့်အယှက်ဖြစ်ရကြောင်းပြောရမှာပါ။

၃ - အလုပ်

ဒါဟာ လုပ်ငန်းခွင်ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် ကျင့်ဝတ်တွေ ရှိပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်ကို သူ့ရဲ့ စည်းက ဘယ်မှာရှိတယ်ဆိုတာ ပေးသိထားပါ။ သူရိုင်းပြတာကို သင်သည်းခံနိုင်တဲ့အခါတွေရှိရင်လည်း သူရိုင်းပြခဲ့ကြောင်း သူကိုယ်တိုင်သိနေအောင်တော့ လုပ်ထားပါ။

 

၄ - အာရုံစိုက်

သင်အာရုံစိုက်ရမှာက သင့်အလုပ်ဖြစ်ပါတယ်။ သင့်ကုမ္ပဏီ ပိုကောင်းဖို့ ဖြစ်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက် ဘာလုပ်လဲဆိုတာ မဟုတ်ပါဘူး။ အလုပ်ကို အာရုံပိုစိုက်လိုက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်အချို့ရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို သတိထားမှုဟာ လျော့ပါးသွားပါမယ်။

၅ - စေတနာရှင်

သူတို့ဘာလုပ်လုပ် သင့်ဘက်က မေတ္တာမပျက်ကြောင်း ပြသပေးတဲ့နည်းကလည်း အသုံးဝင်ပါတယ်။ မုန့်ပါလာရင် အတူဝေမျှစားတာ၊ ထမင်းအတူစားတာမျိုးတွေက အသုံးဝင်ပါတယ်။ သင်မနှစ်သက်တာကြောင့် အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ အတင်းပြောတာမျိုးတော့ ဘယ်တော့မှ မလုပ်ပါနဲ့။

 

၆ - ပြည့်စုံသူ

အစစအရာ ပြည့်စုံသူဆိုတာ မရှိပါဘူး။ သင့်ကို အနှောင့်အယှက်ဖြစ်စေတဲ့ သူတို့ရဲ့အားနည်ချက်က တခြားလူတွေမှာလည်း ရှိတတ်တာမျိုးဆို သည်းခံပေးဖို့လိုပါတယ်။  သည်းမခံနိုင်ရင်လည်း ဘာကြောင့် သည်းမခံနိုင်တာလဲ ဆိုတာကို သင့်ကိုယ်သင် မေးဖို့ လိုပါတယ်။

၇ - တူတာ

သင်တို့နှစ်ယောက်ကြားက တူတာကို ရှာပါ။ ဥပမာ -  သီချင်းနားထောင်ရင် နှစ်ယောက်စလုံးက ပေါ့ပ်သီချင်းနားထောင်တာမျိုးပါ။ ပေါ့ပ်အဆိုတော်တွေကြောင်း ပြောရင်းနဲ့ သာမန်သည်းမခံနိုင်တာလေးတွေက ပျက်ပြယ်သွားနိုင်ပါတယ်။

 

၈ - အကူအညီ

ဒါကတော့ နောက်ဆုံးအဆင့်ပါ။ စိတ်အနှောင့်အယှက်ပေးနေတဲ့ ဒီလူကို ဘယ်လိုမှ မကိုင်တွယ်နိုင်တော့ဘူးဆိုရင် အကူအညီယူရမှာ ဖြစ်ပါတယ်။ အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ မန်နေဂျာနဲ့ဖြစ်ဖြစ် တိုင်ပင်ပါ။

Photos & Source: enkvillage

Share

Loading Next Article...
က္က