ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ လောကဓံနဲ့ အဆင်မပြေမှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်သန်းသွားနိုင်ပြီး အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်နိုင်ဖို့ လမ်းညွှန်ချက်များဖော်ပြပေးလိုက်ပါတယ်။
၁။ စိတ်ဓါတ်ခိုင်မာမှု
ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘဝမှာ ကိုယ် ဘာဖြစ်ချင်တယ်ဆိုတာကို စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားရမယ်။ ဒီလိုမျိုး မိမိအကြောင်းကို တိကျသေချာစွာသိထားပြီး ဘယ်ကိစ္စကိုမဆို ကြိုတင်ပြင်ဆင်ထားနိုင်သူတွေက အောင်မြင်လေ့ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ရာတွင် အေးဆေးတည်ငြိမ်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားတဲ့အတွက် ငါလုပ်နိုင်ပါ့မလား၊ အဆင်ပြေပါ့မလား ဆိုပြီး မယုံမရဲ စိတ်တွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။
၂။ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်မှု
ငယ်ငယ်လေးတည်းက အရာရာကို အချိန်တိတိကျကျလုပ်တတ်တဲ့အကျင့်၊ လိုအပ်တဲ့အချိန်ကို ရယူနိုင်ရန်လေ့ကျင့်ထားသင့်ပါတယ်။ မလိုလားအပ်သော နေရာများတွင် အကြောင်းမဲ့ အချိန်မဖြုန်းတာမျိုးကို မလုပ်ပါနဲ့။
၃။ အလုပ်တွင် အပြည့်အဝအာရုံစိုက်မှု
ကိုယ် စတင်လုပ်ဆောင်လိုက်သော ကိစ္စရပ်တစ်ခုကို မည့်သည့်အတွက်ကြောင့်ဖြစ်စေ ကိုယ့်ဖက်က စပြီးမဖျက်သင့်ပါဘူး။ တာဝန်အပြည့်အဝယူတတ်သူကို လေးစားတတ်ကြတာဖြစ်လို့ ယုံကြအားကိုးရသောလူတစ်ယောက်ဖြစ်အောင် မိမိအလုပ်ကို တန်ဖိုးထားလေးစားပါ။
၄။ ပတ်ဝန်းကျင်ကို လေးစားမှု
မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း အားလုံးကို လေးလေးစားစား ဆက်ဆံရပါမယ်။ မိမိ ပတ်ဝန်းကျင်နဲ့ အခြားလူများ၏ ခံစားချက်နဲ့ အတွေးအခေါ်များကို နားလည်ပေးပြီး တန်ဖိုးထားရပါမယ်။ မိမိတစ်ဦးတည်းရဲ့ ဆန္ဒနဲ့ သဘောထားကိုသာ မကြည့်သင့်ပါဘူး။ တစ်ပါးသူ၏ အကြံအဉာဏ်များကို အလေးထားဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ပါ။
၅။ ရိုးသားမှုရှိခြင်း
ဆိတ်ကွယ်ရာ၌ပင် မလိမ်ညာ ဟန်မဆောင်ဘဲနဲ့ အရှိအရှိအတိုင်းနေပါ။ မဟုတ်ဘဲနဲ့ ကြွားတာ၊ လိမ်ညာပြောတာက သူတစ်ပါးရဲ့ ခဏတာ အထင်ကြီးမှုကို ရကောင်းရနိုင်ပါသော်လည်း ရေရှည်တွင် ပတ်ဝန်းကျင်၏ ယုံကြည်မှုကို ဆုံးရှုံးနိုင်ပါသည်။ အမှန်တရားကို ချစ်မြတ်နိုးပါ။ ရိုးသားမှုကို တန်ဖိုးထားပါ။
Source : Elephant Journal