ဂျပန်က အမေဇွန်ဈေးကွက်မှာ ရောင်းအားအလွန်ကောင်းနေတဲ့ ကုန်ပစ္စည်းကတော့ ဂိမ်းဆော့ရင်းထိုင်တဲ့ တစ်ယောက်ထိုင် ဆိုဖာလေးတွေ ဖြစ်ပါတယ်။
 

သင်က ဂိမ်းဝါသနာအိုးတစ်ယောက်ဆိုရင်တော့ ဘက်ဒီလို ဆိုဖာထိုင်ခုံတစ်လုံးကို လိုချင်မိမှာ အသေအချာပါပဲ။ ယနေ့ခေတ် ဗီဒီယိုဂိမ်းတွေမှာ အလွန်အဆင့်မြင့်တဲ့ ဂရပ်ဖစ်တွေနဲ့ ရေးဆွဲထားပြီး ဂိမ်းနှိပ်တဲ့အခါ မြင်ကွင်းကောင်းကောင်း မြင်ရအောင် ပုံဖော်ဖန်တီးထားတာများလာပါတယ်။ တီဗွီရှေ့တည့်တည့်မှာမှ ထိုင်မကြည့်ရင် ဒီလိုဂိမ်းတွေဆော့ရတာ ဖီးလ်မလာတော့ပါဘူး။ တီဗွီနဲ့လည်းတည့်တည့် ကြည့်လို့ရအောင်၊ ခေါင်းမော့ပြီး ဇက်နာတာမျိုးလည်းမဖြစ်အောင် ကူညီပေးပြီး ဇိမ်ကျကျ ဆော့နိုင်ဖို့ ဘက်ဒီ ဆိုဖာထိုင်ခုံကို တီထွင်ထားတာပါ။

 

ဘက်ဒီ ထိုင်ခုံက ရှေ့မှီ ၊ နောက်မှီ ၂ မျိုးလုံး အတိုးအလျော့လုပ်နိုင်လို့ ကြိုက်သလို မှီနိုင်တဲ့အပြင် ကျောရိုးတစ်လျှောက်ကို ထိန်းပေးထားဖို့ အကောင်းစား၊ အနုစား ဖော့ကို သုံးထားပါတယ်။ ဒါ့အပြင် ရှေ့မှီရင် လက်ထောက်လို့ရအောင် သေချာလုပ်ထားပြီး နောက်မှီလိုက်ရင်တော့ ပုံထဲကအတိုင်း ခေါင်းမှီစရာအဖြစ် သုံးနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၇ ဧပြီလမှ ထွက်မယ့် ဒီ ဘက်ဒီ ဆိုဖာထိုင်ခုံလေးတွေဟာ ဂျပန်နိုင်ငံရဲ့ အမေဇုံ ( Amazon) ဈေးကွက်ထဲမှာ ရောင်းအားအကောင်းဆုံး နံပါတ် (၃) နေရာ ရရှိနေပြီး ယူအက်စ် ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။

Source : Bored Panda

Share

Loading Next Article...
က္က