ကောက်ကာငင်ကာ ဆောင်ဖြစ်သွားတာပါ။
 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံ Zhejiang ပြည်နယ်ထဲက ဟန်ကျူးဘူတာရုံမှာ ပြုလုပ်သွားတဲ့ မင်္ဂလာပွဲတစ်ခုဟာ တွေ့မြင်ရသူတွေရဲ့အသည်းအိမ်ကို လှုပ်ရှားသွားစေခဲ့ပါတယ်။ ဘူတာရုံမှာကျင်းပတဲ့ မင်္ဂလာပွဲမို့ လူပေါင်းများစွာလည်း ရှိနေခဲ့ပါတယ်။

ယခုအချိန်ဟာ ဆောင်းအကုန်နွေအကူးကာလဖြစ်တာမို့ ခရီးသွားသွားရာသီချိန်လည်း ဖြစ်ပါတယ်။ သတို့သားနဲ့ သတို့သမီးဟာ မင်္ဂလာပွဲကျင်းပရာဆီကို သွားဖို့အတွက် သွားလာရေးခက်ခဲနေခဲ့တာပါ။ သတို့သားဖြစ်တဲ့ ကျန်ကျင်းဟွာက စစ်သားတစ်ဦးလည်း ဖြစ်ပါတယ်။ ကျင်းဟွာဟာ သူ့ရဲ့မင်္ဂလာခွင့်ရက်ကို ဘူတာရုံမှာ လုပ်အားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဇနီးလောင်းကလည်း ကြည်ကြည်ဖြူဖြူနဲ့ သဘောတူခဲ့ပါတယ်။ မင်္ဂလာပွဲကို ၂၃ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကျင်းဟွာက ဘူတာရုံမှာ ခရီးသည်တွေကို ကူညီပေးနေရင်း အလုပ်များနေခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ဇနီးလောင်းဖြစ်သူက ကျင်းဟွာလုပ်အားပေးနေတဲ့ ဘူတာရုံနဲ့ ကီလိုမီတာ ၁၀၀ ကွာဝေးတဲ့အခြားမြို့ကနေ ကျင်းဟွာဆီကို ရောက်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာပဲ ခရီးသည်တွေကိုကြိုးကြိုးစားစား အပင်ပန်းခံကူညီပေးနေတဲ့ ခင်ပွန်းလောင်းကိုကြည့်ကာ မျက်ရည်မဆည်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရတဲ့ ကျင်းဟွာရဲ့ ရဲဘော်ရဲဘက်တွေက ပန်းစည်းတစ်စည်းကို ရှာဖွေကာ ရိုးရှင်းတဲ့မင်္ဂလာပွဲလေးကို ကျင်းပပေးခဲ့ကြပါတယ်။

 

ဒီမင်္ဂလာပွဲလေးက အဆောင်အယောင် အခမ်းအနားတွေ မပါဘဲ ရိုးရှင်းလွန်းလှပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ မငေးဘဲမနေနိုင်ခဲ့ပါဘူး။ အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ဘဲ အနစ်နာခံလိုက်တဲ့ သတို့သားရယ်၊ စိတ်နှလုံးနူးညံ့တဲ့ သတို့သမီးရယ်ကြောင့် ဘူတာရုံက မင်္ဂလာပွဲလေးဟာ အားလုံးရဲ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့ပါတော့တယ်။

Source & Photos : CGTN

Share

Loading Next Article...
က္က