သင့်ရဲ့ ဆံကေသာကို ပုံသွင်းတဲ့အခါမှာ အပူချောင်းသုံးပြီး ဆံပင်လိပ်၊ ဆံပင်ဖြောင့်၊ လေမှုတ်စက်ရယ် ဘရပ်ရှ်ရယ် သုံးပြီး ခြောက်အောင်မှုတ်တာ အမျိူးမျိုးပုံသွင်းကြတယ်။ ဒီလို ပုံသွင်းတဲ့အခါမှာ နည်းမှန်လမ်းမှန် မသုံးမိရင် အထူးသဖြင့် အပူကာကွယ်ဆေးမသုံးဘဲ ဆံပင်ကို အပူပ

ဒီလို အပူမပေးဘဲ ဆံပင်ပုံသွင်းနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေထဲက လွယ်ကူရိုးရှင်းပြီး လှပတဲ့ ဆံပင်ပုံစံလေးရဖို့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးထားပါတယ်။

 

 

(၁) ခေါက်ဆွဲကောက်ဆံပင်

ခေါင်းလျှော်ပြီးစ ဆံပင်ကို ရေတွေကုန်အောင် သုတ်လိုက်ပါ။ လုံးဝ ခြောက်သွေ့စရာ မလိုပါဘူး။ မစိုတစိုလေးဖြစ်နေတဲ့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်ပါ။ ကျစ်တဲ့ ကျစ်ဆံမြီးအတွက် ဆံပင်ယူတာ နည်းလေလေ၊ ဆံပင်အကောက် သေးလေလေ ဖြစ်ပြီး ကြီးကြီးယူပြီး ကျစ်ထားရင်တော့ အကောက်ပွပွကြီးကြီးလေးတွေ ရမှာပါ။ တစ်ညလုံးကို ကျစ်ဆံမြီးနဲ့ အိပ်လိုက်ပါ။ မနက်ရောက်လို့ နိုးလာတဲ့အခါ ရေချိုး၊ အလှပြင်ပြီးတာနဲ့ ဖြည်ချလိုက်ပါ။ အရမ်းကို ကောက်သားလှပြီး ချစ်စရာဆံပင်ကောက်ကောက်လေးတွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီကောက်သားလေးနဲ့ ဆံပင်ကို ပုံကျလှပနေစေဖို့ ပုံသွင်းတဲ့ အမြှုပ် (Moose) (ဒါမှမဟုတ်) ခေါင်းလိမ်းဆီ ကို ကော်နည်းနည်းပါတဲ့ဟာမျိုး လိမ်းပေးပါ။ အဖျားပိုင်းကို လက်နဲ့ ဆုပ်ဆုပ်ပြီး လိမ်းပြီးရင် အပူကောက်တံမလိုဘဲ ခေါက်ဆွဲကောက် ဆံပင်လေးတွေနဲ့ တစ်နေကုန်လှနေနိုင်ပြီပေါ့။

(၂) လှိုင်းကောက်ဆံပင်

ခေါင်းမလျှော်ရသေးတဲ့ ဆံပင်ဆို အတော်ပဲပေါ့။ ဆံပင်ကို လိုသလို အပိုင်းလေးတွေ ပိုင်းလိုက်ပါ။ နောက်စိကနေ ဘေးခြမ်းနှစ်ခြမ်းကိုမှ အပေါ်၊ အောက် ဆိုပြီး အခြမ်း ၄ ခြမ်း ခွဲလိုက်ရင်လည်း ရပါတယ်။ တစ်ခြမ်းဆီက ဆံပင်တွေကို လိမ်လိမ်လေးဖြစ်အောင် လက်နဲ့လိမ်ယူပါ။ ပြီးရင် အရင်းထိရောက်အောင် လိမ်ပြီး အခွေလေးရအောင်လုပ်ပြီး ဆံညှပ်နဲ့ ဖြစ်ဖြစ်၊ သားရေပင်နဲ့ဖြစ်ဖြစ် စည်းလိုက်ပါ။ သူလည်း ကျစ်ဆံမြီးလိုပဲ။ မနက်ရောက်လို့ နိုးလာရင် ဖြည်ချလိုက်ရင် ဘယ်လောက်လှလဲ သိရမှာပါ။ ပင်လယ်လှိုင်းတွေလို အတွန့်ကြီးတွေနဲ့ ဆံပင်အုံထူထူဒီဇိုင်းနဲ့ အပြတ်လန်းနိုင်မှာပါ။

(၃) ဆက်တင် (Setting) အလိမ်လေးတွေ

ဆံပင်ကောက်တံနဲ့ ဆက်တင်လိပ်တယ်ဆိုတာ လိပ်ဖူးကြမှာပါ။ ဆက်တင်လိပ်ကို ဒီလို အဝတ်စ ဒါမှမဟုတ် ခြေအိတ်နဲ့ အလွယ်တကူလိပ်လို့ ရပါတယ်။ ဘယ်လိုလိပ်ရလဲဆိုတာ ဗီဒီယိုထဲမှာလည်း ပါပါတယ်။ ခေါင်းလျှော်ထားတဲ့ ဆံပင်ဆို ပိုကောင်းပါတယ်။ ခေါင်းမလျှော်ရသေးဘူးဆိုရင် ဆံပင်အဖျားတွေကို Hair coat သို့  Dry Shampoo နည်းနည်းဖြန်းလိုက်ပါ။ ပြီးရင် ခေါင်းမှာ ခေါင်းစည်း ဒါမှမဟုတ် Hair Band တစ်ခုကို ပတ်လိုက်ပါ။ ဆံပင်ကို လိုချင်သလောက် နည်းနည်းစီယူပြီး ခေါင်းစည်းမှာ ရစ်ပတ်လိုက်ပါ။ ဒီလိုမျိုး တစ်ခေါင်းလုံးမှာ ရှိတဲ့ ဆံပင်တွေကို ခေါင်းစည်းဘေးမှာ လိုက်ထည့်ပေးပါ။ မနက်ရောက်ရင် ချစ်စရာ ဆံပင်ခွေခွေလေးတွေနဲ့ အရမ်းလှတဲ့ ဆံပင်စတိုင်နဲ့ လန်းနေမှာ အသေအချာပါပဲ။

Source : wikihow

Share

Loading Next Article...
က္က