သူငယ်ချင်းရည်းစားမှာ နောက်တစ်ယောက်ရှိနေတယ်၊ ဒါပေမဲ့ သင့်သူငယ်ချင်းက ဒါကို မသိဘဲ သင်ကသိနေတယ်ဆိုရင် သင်ဘယ်လိုလုုပ်မလဲ။ သူ့ကို ပြောပြသင့်လား။ ပြောပြသင့်တယ်ဆိုရင် ဘယ်လို ပုံစံမျိုး ပြောတာ အကောင်းဆုံး ဖြစ်မလဲ။ သင့်သူငယ်ချင်းက သူ့လူအပေါ် အရမ်းယုံကြည်နေတယ်ဆိုရင် သင့်ကိုယ်တောင် စိတ်ခု သွားနိုင်ပါတယ်။ ဒီ့အတွက် သင်ပြောဖို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင် ဒါလေးတွေ ထည့်တွက်ထားပါ။
၁ - သေချာပါစေ
ပထမအချက်ကတော့ သင့်ရည်းစားသူငယ်ချင်း နောက်တစ်ယောက်ထားနေတယ်ဆိုတာ သေချာပါစေ။ ကောင်မလေးတစ်ယောက်နဲ့ လမ်းလျှောက်သွားတာကို ကားပေါ်က လှမ်းမြင်လိုက်တာမျိုးနဲ့ သွားမပြောပါနဲ့။ ထင်မြင်ခန့်မှန်းချက်တွေနဲ့ သွားမလုပ်ပါနဲ့။ သေချာပိုင်နိုင်တယ်ဆိုမှ သင့်သင်ငယ်ချင်းကို ပြောပါ။
၂ - အတိုချုံးပါ၊ ရိုးသားပါ
ပြောတဲ့အခါ အတိုချုံးပြီးပြောပါ။ ဒီလို၊ဒီလို တွေ့ထားတယ်ဆိုတာမျိုးလောက်ပဲ ပြောပါ။ သင့်ဘက်က ထင်မြင်ချက်တွေ ထည့်သွင်းပြောကြားတာမျိုး အရမ်းမလုပ်ပါနဲ့။ တစ်ဖက်က ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးဖြစ်တာကြောင့် အချိန်ဆွဲပြီး ပြောနေတာမျိုးလည်း မလုပ်ပါနဲ့။ သင့်ဘက်က ရိုးရိုးသားသားနဲ့ ရှင်းရှင်းလင်လင်း ပြောလိုက်ရုံပါပဲ။
၃ - သက်သေ
ပြောတဲ့အခါ သက်သေရှိရင် ကောင်းပါတယ်။ သင့်ကို မယုံဘဲ သူ့လူကို ပြောရမလားဆိုပြီး စိတ်တောင်ဆိုးသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီသက်သေကို စစပြောချင်းမှာ ထုတ်မပြပါနဲ့။ လုံးဝလက်မခံကြောင်း ခါးခါးသီးသီး ဖြစ်နေမှသာ သင့်ဘက်က သက်သေကို ထုတ်ပြပါ။ စစပြောချင်းမှာပဲ ဓာတ်ပုံထုတ်ပြတာမျိုး၊ တစ်စုံတစ်ယောက်ကို ဖုန်းဆက်ပြီး သက်သေတည်တာမျိုး မလုပ်ပါနဲ့။
၄ - အားကိုးရသူ
သင်ပြောပြီးတဲ့အခါ သူ့လူကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာတွေ ပြောပါလိမ့်မယ်။ အရင်ဆုံး စိတ်အေးအေးထား ဆုံးဖြတ်ဖို့ပြောပါ။ ဘယ်လိုပဲ ဆုံးဖြတ်ဖြတ် သူ့သူငယ်ချင်းသင်က သူ့ဘက်မှာ ရှိမယ့်အကြောင်း ပြောပါ။ ပြီးရင်တော့ သူ့ကို တစ်ယောက်တည်း ထားလိုက်ပါ။ အားပေးတာတွေ၊နှစ်သိမ့်တာတွေ မလုပ်ပါနဲ့။ သူ့ဘက်က ပိုဒေါသထွက်တာတွေ၊ ပိုအားငယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သူငိုချင်တယ်ဆိုရင် လွပ်လွပ်လပ်လပ်သာ ငိုချဖို့ ပြောပါ။
သင်ကြိုက်နိုင်မယ့် ဆောင်းပါး - အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခု
Photos & Source: Candy