ပိုးစုန်းကြူးလေးတွေ ထည့်ထားသလို လှပနေမှာပါ။
 

ကလေးဘဝ စိတ်ကူးတွေထဲမှာ ပိုးစုန်းကြူးလေးတွေကို ပုလင်းတစ်လုံးထဲထည့်ပြီး ညအမှောင်မှာ လင်းလက်နေတာကို ထိုင်ကြည့်ချင်တဲ့ ခံစားချက် ဖြစ်ပေါ်ဖူးကြမှာပါ။ ပိုးစုန်းကြူးလေးတွေရဲ့ ခန္ဓာကိုယ်အနောက်ပိုင်းက ထွက်လာတဲ့အရာတစ်မျိုးဟာ လေထုထဲကအောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါ အလင်းရောင်ဖြစ်ပေါ်လာပါတယ်။ ပိုးစုန်းကြူးလေးတွေကိုလည်း တမေ့တမော ငေးကြည့်ခဲ့ကြတာပါပဲ။

 

တကယ်တမ်းမှာတော့ ပိုးစုန်းကြူးတွေကို ဖမ်းဆီးပြီး ပုလင်းထဲအလုံပိတ်ထားဖို့က ပိုးကောင်လေးတွေသေသွားမှာစိုးရိမ်လို့ ဖမ်းမိလည်း ခဏနေရင် လွှတ်ပေးလိုက်ကြတယ်မဟုတ်လား။ ပိုးစုန်းကြူးလေးတွေကို ပုလင်းထဲထည့်ထားသလို ညအမှောင်မှာ လင်းလက်တောက်ပနေမယ့် ပုလင်းလေးတစ်လုံး ဖန်တီးကြည့်ရအောင်ပါ။

 

လိုအပ်တာတွေကတော့ ပုလင်းလွတ်၊ အနုမြူသုတ်ဆေး အဝါရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်ရယ်၊ ငွေမှုန်လေးတွေရယ်၊ ကော်ဘူးတစ်ဘူးနဲ့ စုတ်တံသေးသေးလေးတစ်ချောင်းရယ် လိုအပ်ပါတယ်။ သန့်ရှင်းခြောက်သွေ့နေတဲ့ ပုလင်းအတွင်းပိုင်းကို စုတ်တံကိုသုံးပြီး အနုမြူသုတ်ဆေးစက်လေးတွေ၊ မျဉ်းကြောင်းလေးတွေဆွဲပေးပါ။ အရောင်သုံးမျိုးလုံးကို ရောထွေးအောင် အစက်ချပေးရပါမယ်။

 

ဆေးစက်လေးတွေချပြီးရင် ပုလင်းကို နာရီဝက်လောက် နေလှန်းထားလိုက်ရပါမယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်က အနုမြူဆေးရောင်တွေကို ပိုမိုကြွလာစေလို့ ဖြစ်ပါတယ်။

 

ပုလင်းအဖုံးပေါ်ကို ကော်တွေသုတ်လိုက်ပါ။ ကော်တွေပေါ်မှာ ငွေမှုန်လေးတွေကို ညီညီညာညာဖြန့်ကပ်ပေးလိုက်မယ်ဆို ပုလင်းလေးက အရမ်းလှသွားပါပြီ။ ညမှောင်သွားတဲ့အခါ ဒီပုလင်းလေးက လင်းလက်တောက်ပနေမှာမို့ ကြယ်တွေစုံတဲ့ညလေးတစ်ညကို အခန်းထဲမှာတင် ကြည့်ရှုခံစားလို့ရပြီပေါ့။

Source : The Coolios

Share

Loading Next Article...
က္က