ဇာတ်လမ်းဆိုတာမျိုးက ကိုယ့်ဘဝနဲ့တော့ ထပ်တူကျဖို့ ခက်ပါတယ်။
 

အမေရိကန်ရုပ်ရှင်လောက ဟောလိဝုဒ်က ထုတ်လုပ်ဖြန့်ချိတဲ့ ဇာတ်ကားတွေဟာ ကမ္ဘာတစ်ဝန်းလုံးမှာ လူကြိုက်အများဆုံးပါပဲ။ ဇာတ်လမ်းအမျိုးမျိုး သရုပ်ဆောင်အမျိုးမျိုးနဲ့ တင်ဆက်ပြသရာမှာ သရုပ်ဆောင်ကောင်းမှု၊ ပံ့ပိုးမှုကောင်းမှုတွေကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ စွဲမြဲကျန်ရစ်ခဲ့တာ တော်တော်နဲ့လည်း မမေ့နိုင်ပါဘူး။ အချစ်ရေးရာ အကြံပေးအတိုင်ပင်ခံတွေကတော့ ဟောလိဝုဒ်အချစ်ဇာတ်ကားတွေကိုကြည့်ပြီး ကိုယ့်အချစ်ရေးကို မဆုံးဖြတ်ဖို့ အကြံပေးကြပါတယ်။



၁။ ပြီးပြည့်စုံတဲ့အချစ်ရေး

ဥပမာ တိုက်တန်းနစ် (Titanic) ဇာတ်ကားကိုကြည့်ပါ။ အလွှာကွာခြားလွန်းပြီး လူနေမှုစရိုက် အလှမ်းဝေးလွန်းပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ကို ပြည့်စုံတယ်လို့ ထင်မိကြပါတယ်။ တကယ်တမ်းမှာ ကိုယ်ရော ကိုယ့်ချစ်သူပါ ပြီးပြည့်စုံသူတွေမဖြစ်နိုင်ပါဘူး။

 

၂။ ချစ်သူတွေက ဘယ်တော့နဲ့ စကားများရန်ဖြစ်တာမျိုးမရှိဘူး

ကတောက်ကဆဖြစ်တာရဲ့ အဆုံးမှာ ချစ်သူတွေ၊ စုံတွဲတွေ လမ်းခွဲသွားတယ်လို့ ရုပ်ရှင်ကားတွေမှာ ပြလေ့ရှိပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူတွေမှာလည်း ဘယ်တော့မှ ကတောက်ကဆမဖြစ်သလိုမျိုး ရုပ်ရှင်ထဲမှာ မြင်ရမှာပါ။ တကယ်တမ်း လက်တွေ့မှာတော့ ဘယ်လောက်ချစ်ချစ် ကတောက်ကဆဖြစ်ဖူးကြပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ချစ်သူနဲ့ အခန့်မသင့်လို့ စကားများတိုင်း လမ်းခွဲဖို့ မတွေးလိုက်ပါနဲ့။

၃။ အချစ်ဆိုတာ အသက် ၂၀နဲ့ ၃၀ မှာပဲ ပျော်စရာကောင်းတယ်

ငယ်ရွယ်တဲ့အချိန်မှာ ကြုံရတဲ့အချစ်ကသာ ပျော်စရာကောင်း၊ စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ထင်မြင်မိကြပါတယ်။ တကယ်တမ်းတော့ အချစ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ အသက် ၄၀ ကျော်လာလည်း ကိုယ့်ကို ရင်ခုန်စိတ်လှုပ်ရှားမှု ဖြစ်လာအောင် ဆွဲဆောင်နိုင်သူ ပေါ်လာဦးမှာပါ။

 

၄။ သူတစ်ဦးတည်း

Th Notebook လို ဒရာမာဇာတ်လမ်းဟာ စိတ်ကူးယဉ်လို့အရမ်းကောင်းပါတယ်။ လူတိုင်းလည်း ကြိုက်ကြပါတယ်။ ဒီဇာတ်လမ်းထဲကလိုမျိုး ကိုယ့်ဘဝကြီးမှာ သူတစ်ယောက်တည်းသာရှိတယ်၊ သူနဲ့ သေချာပေါက် ပြန်ဆံုံလိမ့်မယ် ဆိုတာမျိုးကတော့ လက်တွေ့ဘဝမှာ သိပ်ကို အလှမ်းဝေးလွန်းပါတယ်။ ကိုယ့်ဘဝရဲ့ Soulmate ဆိုတာကို ကိုယ်က ဘယ်လိုနည်းနဲ့ တစ်ထစ်ချ သိနိုင်ပါ့မလဲ။ သူမှသူဆိုပြီး အချိန်တွေနှောင်းတဲ့အထိ စောင့်ဆိုင်းနေတာမျိုးက မိုက်ရူးရဲဆန်လွန်းပါတယ်။

Source : Independent


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က