အလုပ်ခွင်ဝင်ရတာထက် ကလေးထိန်းပြီး အိမ်မှုကိစ္စလုပ်ရတာက ပိုပင်ပန်းပါတယ်။
 

ယနေ့ခေတ်ရဲ့ မိခင်တွေဟာ ထူးချွန်ထက်မြက်ကြပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း အထိုက်အလျောက် အောင်မြင်နေသူတွေပါ။ အိမ်ထောင်မကျမီက လုပ်ငန်းခွင်မှာ ထက်မြက်ထူးချွန်သူအဖြစ် အသိအမှတ်ပြုခံရပေမဲ့လည်း မိခင်ဘဝကို ရောက်လာချိန်မှာတော့ သားသမီးနဲ့မိသားစုကို ဦးစားပေးလိုက်ရပါတော့တယ်။ လုပ်ငန်းခွင်ကို ကျောခိုင်းပြီး အိမ်မှာနေရင်း ကလေးထိန်း၊ အိမ်မှုကိစ္စစီမံရတာ တကယ်ကိုမလွယ်လှပါဘူး။ ဒါပေမဲ့ အိမ်မှာနေပြီး ကလေးနဲ့မိသားစုကိုစောင့်ရှောက်တဲ့ မိခင်တွေမှာလည်း ကောင်းကျိုးရလဒ်တွေ ရှိပါသေးတယ်။

(၁) မိခင်အတွက်

ကိုယ့်အတွက် ကောင်းကျိုးရတာ ဘာလဲဆိုတော့ ကိုယ့်ရဲ့ကလေးကို ကိုယ်တိုင်ထိန်းကျောင်း သွန်သင်ရတဲ့ ကောင်းကျိုးပေါ့။ ကိုယ့်ရင်သွေးလေးရဲ့ ကြီးပြင်းလာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်လာပုံတွေကို ကိုယ်တိုင် သိရှိတွေ့မြင်နေရတာ အရမ်းကောင်းတယ်မဟုတ်လား။ ကလေးနဲ့ အနီးကပ်နေရတာ စိတ်ကြည်နူးဖို့လည်းကောင်းပါတယ်။ ပြီးတော့ အာရုံစူးစိုက်မှုလည်း ပိုကောင်းလာပါတယ်။ ကလေးမွေးပြီးနောက် ကိုယ်တိုင်ကလေးထိန်းတဲ့ မိခင်တွေဟာ ပိုပြီးရဲရင့်လာကြပါတယ်။

 

(၂) ကလေးအတွက်

မိခင်တစ်ဦးအနေနဲ့ မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ပြီဆိုတာနဲ့ ကလေးအတွက် ဦးစားပေးစဉ်းစားတော့တာပါပဲ။ ကလေးထိန်း ငှားထားတယ်ဆိုရင်တောင်မှ ကလေးထိန်းက ကိုယ့်လောက် မြန်မြန်ဆန်ဆန်နဲ့ ကလေးအနားကို မရောက်နိုင်ဘူးလေ။ ကလေးတစ်ဦးဟာ မိခင်ရဲ့ ဂရုစိုက်မှုကို ရရှိခြင်းဟာ ပိုပြီးလုံခြုံစိတ်ချရပါတယ်။ ပိုပြီးလည်း ကျန်းမာဖွံ့ဖြိုးနိုင်မှာပါ။

 

(၃) မိသားစုရင်းနှီးမှု

အိမ်မှုကိစ္စတွေ စီမံခန့်ခွဲရတာ၊ ကလေးနေမကောင်းချိန် ပြုစုပေးရတာတွေကြောင့် ကိုယ်နဲ့ကိုယ့်ခင်ပွန်းကြားမှာ နားလည်မှုတွေ ပိုရလာနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကိုလည်း ကလေးရဲ့ဝေယျာဝစ္စတွေ နားလည်တတ်ကျွမ်းလာအောင် ကိုယ်က ပြောပြပါ။ ကလေးကိုချစ်တဲ့ ဖခင်တစ်ဦးအနေနဲ့ ကိုယ့်ရဲ့ပင်ပန်းမှုတွေ အနစ်နာခံမှုတွေကို မြင်လာတဲ့အခါ ကိုယ့်အပေါ် ပိုပြီးမြတ်နိုး ဂရုဏာသက်လာနိုင်ပါတယ်။

Source : Parenting

Share

Loading Next Article...
က္က