ဘတ်စမာတီဆန်ကို ချက်ထားတဲ့ထမင်း၊ သခွားသီးအချဉ်လေးနဲ့ တွဲဖက်ပြီး အချိုပွဲအနေနဲ့ ကူဖီးလီး (Kulfi) စားရင် အလွန်လိုက်ဖက်ပါတယ်။ ကြက်သားကို ဒိန်ချဉ်နဲ့ နယ်ပြီး တစ်ညလောက်နှပ်ထားတာတဲ့အတွက် နူးအိတဲ့ကြက်သားနဲ့ အရသာကောင်းတာကတော့ အထူးပြောစရာမလိုပါဘူး

ဘတ်စမာတီဆန်ကို ချက်ထားတဲ့ထမင်း၊ သခွားသီးအချဉ်လေးနဲ့ တွဲဖက်ပြီး အချိုပွဲအနေနဲ့ ကူဖီးလီး (Kulfi) စားရင် အလွန်လိုက်ဖက်ပါတယ်။ ကြက်သားကို ဒိန်ချဉ်နဲ့ နယ်ပြီး တစ်ညလောက်နှပ်ထားတာတဲ့အတွက် နူးအိတဲ့ကြက်သားနဲ့ အရသာကောင်းတာကတော့ အထူးပြောစရာမလိုပါဘူး။



ပါဝင်ပစ္စည်းများ

ကြက်သား ရင်အုံနှင့် ပေါင်သား ၂ ခု

ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပရာသီး ၁ လုံး

ဒိန်ချဉ် ၁ ခွက်ခွဲ (နို့ဆီဗူး)

ကြက်သွန်နီ တစ်ဝက် (နှုပ်နှုပ်စဉ်း)

ကြက်သွန်ဖြူ ၁မွှာ (နှုပ်နှုပ်စဉ်း)

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှုပ်နှုပ်စဉ်း)

ခနော ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

မဆလာ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (နှုပ်နှုပ်စဉ်း)

အနီရောင်ဆိုးဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း

 

ကြက်ကင်နည်း

ကြက်သားများကို (ဆား၊ ကြက်သားမှုန့်၊ သံပရာရည်) တို့ကို ရောမွှေပြီး မိနစ်၂၀ ခန့် နယ်ထားပေးပါ။

ပြီးမှ ခွက်တစ်ခုထဲတွင် (ဒိန်ချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ဂျင်း၊ မဆလာ၊ ငရုတ်သီးမှုန့်၊ အနီရောင်ဆိုးဆေးမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။

ထိုရောမွှေထားသောအနှစ်များနဲ့ကြက်သားများကို ရောနယ်ကာ ၆ နာရီမှ ဖြစ်နိုင်လျှင် တစ်ညလောက် အရသာဝင်သွားအောင် နှပ်ထားပေးပါ။ ကြာကြာနှပ်ထားပါက နူူးအိနေပြီးစားကောင်းမှာပါ။ 

ကြက်သားကို ဆီသုတ်ကာ တစ်ဖက်ကို နာရီဝက်နှုန်းဖြင့် ကင်ပြား(သို့) Oven ထဲမှာ တစ်နာရီခန့် ကျက်သည်အထိ ကင်ပေးပါ။ ကျက်ပြီဆိုရင် သံပရာသီး၊ နံနံပင်၊ ကြက်သွန်နီတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Source : AllReceipes

Share

Loading Next Article...
က္က