သိက္ခာသမာဓိရှိသူတွေကို ဆုံးရှုံးလိုက်ရတဲ့အခါ သစ္စာပန်းတွေနဲ့ ရည်ညွှန်းကြပါတယ်။
 

လူရယ်လို့ ဖြစ်လာရင် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို မလွဲမသေ ကြုံတွေ့ရမှာပါပဲ။ ကိုယ့်ရဲ့မိတ်ဆွေနဲ့ ဆွေမျိုးသားချင်းတွေထဲမှာ နာရေးကြုံလာတဲ့အခါ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဈာပန(Funeral)ကို ပန်းခွေ၊ ပန်းခြင်းတွေ ပို့ပေးကြပါတယ်။ ပန်းတွေမှာလည်း အဓိပ္ပာယ်ကိုယ်စီ ရှိကြတာဖြစ်လို့ ဘယ်ပန်းက ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

 

၁။ လီလီ

ကွယ်လွန်သူရဲ့ဝိဉာဉ်ဟာ ငြိမ်းချမ်းတဲ့နေရာကို ရောက်ရှိသွားပါစေလို့ လီလီပန်းတွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အပြစ်ကင်းစင်မှုကို ပြန်လည်ရောက်ရှိစေတယ်လို့လည်း ယူဆကြပါတယ်။ အထူးသဖြင့် လီလီပန်းအဖြူရောင်တွေပါ။

 

၂။ သစ္စာပန်း

သစ္စာပန်းတွေဟာ ရိုးတံံရှည်ရှည်နဲ့ ၄ ပေလောက်အထိ မြင့်တက်နိုင်တဲ့ ပန်းပင်မျိုးဖြစ်ပြီး ရိုးတံတစ်ခုတည်းကနေပဲ ပန်းပွင့်ပေါင်းများစွာ ပွင့်နိုင်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ တည်ငြိမ်တဲ့အသွင်ကိုဆောင်ပြီး ရိုးရာဓလေ့အတိုင်း ပြုလုပ်တဲ့ ဈာပနတွေကို ပို့ပေးသင့်တဲ့ ပန်းအမျိုးအစားလည်းဖြစ်ပါတယ်။ သိက္ခာသမာဓိရှိသူ၊ ကြံ့ခိုင်သူတွေကို ဆုံးရှုံးလိုက်ရတဲ့အခါ သစ္စာပန်းတွေနဲ့ ရည်ညွှန်းကြပါတယ်။

 

၃။ ကာနေးရှင်း

ပန်းရောင်ကာနေးရှင်းပန်းတွေက အမှတ်ရအောက်မေ့မှုကို ကိုယ်စားပြုပြီး အဖြူရောင်ကာနေးရှင်းတွေကတော့ ရိုးသားစစ်မှန်တဲ့အချစ်ကို ကိုယ်စားပြုပါတယ်။ ချစ်ခင်ရသူ၊ ဆွေမျိုးသားချင်းတွေရဲ့ နောက်ဆုံးခရီးမှာ ကာနေးရှင်းတွေနဲ့ နှုတ်ဆက်ကြပါတယ်။

 

၄။ ဂန္ဓမာ

ဈာပနအခမ်းအနားတွေမှာ ဂန္ဓမာပန်းအဖြူရောင်ကို ပန်းခြင်း၊ ပန်းခွေတွေအဖြစ်နဲ့ ပြုလုပ်ပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ပို့ဆောင်ပေးကြတဲ့ဓလေ့ဟာ ဥရောပ၊ စပိန်၊ ပြင်သစ်၊ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံတွေမှာ အတွေ့များပါတယ်။ အာရှမှာတော့ ဂန္ဓမာပန်းအဖြူရောင်ဟာ ပူဆွေးဝမ်းနည်းမှုကို ပြသလိုတဲ့အခါ ဈာပနကို ပို့ပေးကြပါတယ်။

 

၅။ ခြောက်လခံပန်း

ခြောက်လခံပန်းပင် (Hydrangea)တွေဟာ ကျေးဇူးတင်ရှိကြောင်း ပြသလိုတဲ့အခါ အသုံးပြုကြပါတယ်။ ဒီအပင်ရဲ့အပွင့်တွေက နှစ်နဲ့ချီပြီးခံသလို ထိန်းသိမ်းစောင့်ရှောက်ရတာလည်း လွယ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်ရစ်သူမိသားစုကို ခြောက်လခံပန်းအိုးလေး ပေးပို့ကာ ကိုယ်ချင်းစာပါကြောင်း ပြသနိုင်ပါတယ်။

Source : Everplan

Share

Loading Next Article...
က္က