သူတို့နှစ်ဦးလုံးရဲ့အရပ်ကို ပေါင်းလိုက်ရင်တောင်မှ ၁၈၁.၄၁ စင်တီမီတာပဲ ရှိပါတယ်။
 

ဘရာဇီးနိုင်ငံက ပေါ်လို ဂတ်ဘရီရယ် ဒါ ဆေးလ်ဗား ဘားရော့စ်နဲ့ ကတ်တူစီယာ လိုင်း ဟိုရှီနိုတို့ ဇနီးမောင်နှံဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က "ကမ္ဘာ့အသေးဆုံး မင်္ဂလာမောင်နှံ" အဖြစ် မှတ်တမ်းတင်ထားခံခြင်းရသူတွေပါ။ သူတို့နှစ်ဦးလုံးရဲ့အရပ်ကို ပေါင်းလိုက်ရင်တောင်မှ ၅ ပေ ၉ လက်မကျော်ကျော် (၁၈၁.၄၁ စင်တီမီတာ)ပဲ ရှိပါတယ်။

 

ပေါ်လိုက အသက် ၃၁ နှစ်၊ အရပ် ၉၀.၂၈ စင်တီမီတာနဲ့ ကတ်တူစီယာက အသက် ၂၈ နှစ် ၊ အရပ် ၉၁.၁၃ စင်တီမီတာစီ ရှိကြပါတယ်။ သာမန်လူတစ်ဦးမှာ ရှိသင့်တဲ့အရပ်ထက် များစွာနိမ့်နေကြသူအချင်းချင်း ရွှေလက်တွဲဖြစ်သွားတဲ့အခါ လူတွေက ချီးမြှောက်စကားဆိုကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၆ ခုနှစ်မှာ လူမှုကွန်ရက်ပေါ်ကတစ်ဆင့် စတင်သိကျွမ်းခဲ့ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာမှ စတင်ဆုံဖြစ်ကြတာပါ။ ဒီဇင်ဘာ ၂၉ ရက်မှာတော့ ချစ်သူတွေအဖြစ် စတင်တွဲလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်က ခန္ဓာကိုယ်သေးငယ်ပေမဲ့ အချစ်တွေတော့ အများကြီးရှိတယ်လို့ ပေါ်လိုက ပြောပါတယ်။

 

တစ်ယောက်တစ်နယ်စီမှာ နေထိုင်ကြတဲ့ ချစ်သူနှစ်ဦးဟာ ၂၀၁၂ ခုနှစ်မှာတော့ ပေါင်းစည်းလိုက်ကြပါတယ်။ ကတ်တူစီယာက ပေါ်လိုနေထိုင်တဲ့ Itapeva မြို့ကို ပြောင်းရွှေ့အခြေချလိုက်တာပါ။ ပေါ်လိုက သူ့မြို့ဒေသခံအစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ပြီး ကတ်တူစီယာကတော့ အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးပါ။ သူတို့နှစ်ဦး လက်ထပ်မင်္ဂလာ ဆင်နွှဲပြီးနောက်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က ကမ္ဘာ့အသေးငယ်ဆုံးမောင်နှံအဖြစ်နဲ့ မှတ်တမ်းပေးအပ်ခဲ့တာဖြစ်ပါတယ်။

Source : GWR

Share

Loading Next Article...
က္က