ကိုယ့်ရဲ့အဝတ်အစား၊ ကိုယ်စားတဲ့ အစားအသောက်၊ ကိုယ့်အခန်းထဲက အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး မိဘတွေနဲ့ ကတောက်ကဆ ဖြစ်ဖူးကြမှာပါ။ ဒီ့ထက်ပိုများတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့လည်း မိဘတွေနဲ့ အမြင်ချင်းကွဲလွဲတဲ့အခါ ငြင်းခုံရ စိတ်ညစ်ရပါတယ်။ ဘာကြောင့်များ ဒီလို ခဏခဏ ဖြစ်နေရတာလဲ?
ငယ်ရွယ်တဲ့ ကလေးဘဝမှာတော့ မနက်စာက အိပ်ရာဝင်ချိန်အထိအောင် မိဘတွေက အစစ အရာရာ စီမံခန့်ခွဲပေးပါတယ်။ ဒီလို အစအဆုံး ပြုလုပ်ပေးတာတွေက ကလေးဘဝမှာတော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အသိဉာဏ်နဲ့ ခန္ဓာကိုယ်က မဖွံ့ဖြိုးသေးဘူးလေ။ ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာတော့ ကိုယ်ပိုင်ထင်မြင်ချက်တွေ၊ အတွေးအခေါ်တွေနဲ့ ဘဝရဲ့တန်ဖိုးကိုလည်း သိစပြုလာပါပြီ။ အဲ့ဒီအချိန်မှာ မိဘတွေရဲ့ အမြင်နဲ့ ကွဲလွဲတာတွေရှိလာသလို ကိုယ့်ဘက်က လက်မခံချင်စရာတွေကိုလည်း ငြင်းဆန်လာတတ်လို့ မိဘတွေနဲ့ ခဏခဏ ငြင်းခုံမှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေမှာတော့ ဒီလိုတွေဖြစ်လာပြီဆိုရင် နှစ်ဘက်လုံးက ညှိကြဖို့ မိသားစုရေးရာကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။ ကိုယ်လုပ်ချင်တာကို အိမ်မှာမလုပ်ရဘူးဆိုရင် ခြံထဲက ကိုယ်ကစားတဲ့နေရာမှာ အရင်လုပ်ကြည့်ပါ။ ဥပမာ ဂစ်တာတီးတာမျိုးပေါ့။ မိဘတွေဘက်ကလည်း ၁၄ နှစ်လောက် တစ်ပုံစံတည်း ထိန်းကျောင်းစောင့်ရှောက်လာရတော့ ဆယ်ကျော်သက်အရွယ် အပြောင်းအလဲတွေကို ချက်ခြင်းလက်ခံဖို့ ခက်နေတာဖြစ်ပါတယ်။ ကလေးကို ကိုယ်ပိုင်အချိန်နဲ့နေရာလေးမှာ လွတ်လွတ်လပ်လပ်ရှိစေပြီး တိတ်တဆိတ်စောင့်ကြည့်တာမျိုးသာ ပြုလုပ်သင့်ပါတယ်။
Source : Kids Health