နုနုငယ်ငယ်နဲ့ ချစ်စရာကောင်းတဲ့ Baby Face လေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြမှာပါ။ ကလေးလေးလို ကြည်လင်နူးညံ့တဲ့ အသွင်အပြင်လေးကြောင့် ကိုယ့်စိတ်ကို ပိုနုပျိုသွားစေတယ်လေ။ Baby Face အသွင်ရဖို့ မိတ်ကပ်လိမ်းမယ်ဆို ဒီအချက်တွေကို သိထားသင့်ပါတယ်။
၁။ Concealer
အနာအဆာဖုံးတဲ့မိတ်ကပ် (Concealer) လိုပါတယ်။ မျက်နှာကို အစိုဓာတ်ဖြည့်တဲ့ခရင်မ်လည်း လူးပေးထားပါ။ အသက်ကြီးလာလို့ ကလေးလိုမနူးညံ့တော့တဲ့ မျက်နှာပေါ်က အနာအဆာလေးတွေကို ကွန်ဆီလာသုံးပြီးဖုံးရပါမယ်။
၂။ အောက်ခံမိတ်ကပ်
Foundation ကို မျက်နှာတစ်ပြင်လုံးလိမ်းစရာမလိုပါဘူး။ မိတ်ကပ်တွေထူနေရင် Baby Face မဖြစ်တော့ဘူးလေ။ CC Cream ကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ မျက်နှာအလယ်ကနေ အစွန်းဘက်တွေကို ဖြန့်ပြီးလိမ်းပေးရမှာ ဖြစ်ပါတယ်။
၃။ ပေါင်ဒါ
ပေါင်ဒါကို မေးရိုးတစ်လျှောက်နဲ့ နဖူးအစွန်တွေမှာ လိမ်းပေးပါ။ မျက်နှာကိုလင်းသွားစေမယ့် အရောင်ကိုရွေးသင့်ပါတယ်။
၄။ ပါးရိုးတွေ
ကလေးတွေရဲ့ ပါးတွေက ပန်းနုရောင်ဖျော့ဖျော့လေးမဟုတ်လား။ ပန်းနုရောင်ပါးနီကို လာဗင်ဒါရောင်ဖျော့နဲ့ ပေါင်းစပ်ပြီး ပါးပြင်ပေါ်မှာ ဘရပ်ရှ်နဲ့ ညှိပေးရပါမယ်။ ပါးကနေ နားရွက်ဘက်ဆီကို ဘရပ်ရှ်နဲ့ဆွဲပေးပါ။
၅။ မျက်ခုံး
မျက်ခုံးထူထူပွပွလေးတွေက ပိုပြီးကလေးဆန်ပါတယ်။ ဘရပ်ရှ်လေးနဲ့ မျက်ခုံးမွေးတွေကို ဖွလိုက်ပါ။ ပြီးမှ မျက်ခုံးမွေးနဲ့အရောင်တူတဲ့ ခဲတံကိုသုံးကာ ထူထူလေးဖြစ်အောင် ဆိုးပေးရပါမယ်။ အရမ်းဖြောင့်တန်းစရာ မလိုပါဘူး။ အရမ်းရှည်လျားအောင်လည်း မဆိုးပါနဲ့။ သဘာဝကျကျအတိုင်းပဲ ရှိပါစေ။
၆။ အိုင်းရှဲဒိုး
Baby Face ဖြစ်ဖို့ဆိုရင် ဘာအိုင်းရှဲဒိုးကိုမှ မဆိုးပါနဲ့။ အရမ်းဆိုးချင်ရင်တော့ အသားနဲ့တစ်ပြေးတည်းဖြစ်တဲ့ သဘာဝအရောင်ကိုသာ ရွေးပါ။
၇။ နှုတ်ခမ်း
နှုတ်ခမ်းသားတွေကိုသာ အမြဲတမ်း ဂရုစိုက်နေရင် တခြား ဘာမှထပ်လုပ်ဖို့တောင် မလိုတော့ပါဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ နှုတ်ခမ်းပေါ်က ခြောက်သွေ့နေတဲ့ အရေပြားဆဲလ်သေတွေကို ပွတ်တိုက်ဖယ်ရှားရပါမယ်။ ပြီးမှ ပန်းရောင် ဒါမှမဟုတ် လိမ္မော်ရောင် tint ကို ဆိုးပြီး နှုတ်ခမ်းနှစ်လွှာကို ဖိပွတ်လိုက်ရမှာဖြစ်ပါတယ်။
Source : Style Crazy
သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> နှုတ်ခမ်းသားလှအောင် ဘယ်လို လုပ်မလဲ
Share