ကြောင်မျက်လုံးအိုင်းလိုင်နာအမြီးလေး တိကျလှပဖို့အတွက် ဇွန်းနဲ့ တိုင်းပြီးဆွဲပါ။
နှုတ်ခမ်းကို ပိုပြီး ကြွရွသွားစေဖို့ နှုတ်ခမ်းလိုင်နာကို အရောင်အနု၊ Highlighter ကို သုံးပါ။
နေလောင်ရင် ရှားစောင်းလက်ပတ်ကို ရေခဲထားပြီး ကပ်လိုက်ပါ။
နေပူမိပြီး အသားကွက်မဲသွားရင် မုန့်ဖုတ်ဆိုဒါသုတ်ပြီး ရေဆေးလိုက်ပါ။
ဖိနပ်ရေမစိုအောင် ဖယောင်းနဲ့တိုက်ပြီး လေမှုတ်လိုက်ပါ။
အဖြူရောင်အိုင်းလိုင်နာခဲတံကို ရှဲဒိုးအောက်ခံ (Primer) အဖြစ်သုံးပါ။
လက်သည်းဆိုးဆေး အမြှုပ်ထနေရင် ရေခဲသေတ္တာထဲထည့်ထားပါ။
မျက်တောင်ကော့ဆေးကုန်သွားရင် အတံကို မျက်ခုံးမွှေးအတွက်သိမ်းထားပါ။
အထပ်ထပ်လေးတွေနဲ့ ဆံပင်ပုံစံရချင်ရင် ဆံပင်ကို ငယ်ထိပ်မှာစုစည်းပြီး မျက်နှာရှေ့ထိရောက်အောင် ထားပြီး မျဉ်းဖြောင့်အတိုင်းညှပ်လိုက်ပါ
တင်းရင်းတဲ့မျက်နှာအသွင်ရဖို့မျက်ခုံးမွှေးအပေါ်ဘက်ကို Highlighter နည်းနည်းထည့်ပေးလိုက်ပါ။
ပိုပြီး ကော့နေတဲ့ မျက်တောင်ရဖို့ မျက်တောင်မကော့ခင် ကော့တံကို Dryer နဲ့မှုတ်ပြီးမှ ကော့ပါ။
သဘာဝမိတ်ကပ်ဖျက်ဆေးအဖြစ် အုန်းဆီ၊ သံလွင်ဆီကို သုံးပါ။
Source : Lily