သွားခါနီး၊လာခါနီး ဆံပင်ကြောင့် စိတ်ရှုပ်ထွေးရတာမျိုးလည်း မဖြစ်တော့ပါဘူး။
 

ကတုံးတုံးထားတဲ့လူတစ်ယောက်ကို လှတယ်လို့ မသတ်မှတ်ကြပါဘူး။ ရှက်စရာအဖြစ်တောင် မြင်တတ်ကြပါတယ်။ ဒါဟာ အလှအပနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းတွင်းမှာရှိနေတဲ့ စံနှုန်းတွေကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ကတုံးတုံးထားရင် ပိုကြည့်ကောင်းသွားတဲ့လူတွေလည်း ရှိပါတယ်။ ကတုံးတုံးရင် ရရှိမယ့်အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

၁ - ဆံပင်ပုံစံမကောင်းတဲ့နေ့

ဒီနေ့ ဆံပင်ပုံတစ်မျိုး ဖြစ်နေတယ်ဆိုတာမျိုး မရှိတော့ပါဘူး။ သတိရတိုင်း ဆံပင်ပုံစံ နဂိုအတိုင်း ရှိသေးရဲ့လားဆိုပြီး မှန်ပြေးကြည့်ရတာမျိုး မရှိတော့ပါဘူး။ ဆံပင်နဲ့ပတ်သက်ပြီး ကိုယ့်ရုပ်ရည်အတွက် ဘာမှ ပူပန်စရာ မလိုတော့ပါဘူး။

 

၂ - အချိန်ကုန်သက်သာ

ဆံပင်တစ်ခါပြင်တာ အချိန်အမြောက်အများယူရပါတယ်။ ကတုံးတုံးလိုက်တဲ့အခါ မနက်ပိုင်း ဆံပင်ပြင်နေရတာကြောင့် ရုံးနောက်ကျရတဲ့နေ့တွေဆိုတာ ရှိမှာမဟုတ်တော့ပါဘူး။ ဆံပင်ပြင်နေရတာကြောင့် ချိန်းထားတာတွေ နောက်ကျရတယ်ဆိုတာမျိုးလည်း မရှိတော့သလို သွားခါနီး၊လာခါနီး ဆံပင်ကြောင့် စိတ်ရှုပ်ထွေးရတာမျိုးလည်း မဖြစ်တော့ပါဘူး။ သင့်အတွက် အချိန်ကုန်အလွန်သက်သာသွားမှာ ဖြစ်ပါတယ်။

၃ - ရင့်ကျင်မှု

ခေါင်းပေါ်မှာ ဆံပင်တွေ ရှင်းနေတာဟာ ပိုရင့်ကျက်တဲ့အသွင်လည်း ဆောင်ပါတယ်။ ပိုပြီးလေးနက်တဲ့အသွင်မျိုးလည်း ရှိပါတယ်။

 

၄ - ပိုကြီးတယ်

ခေါင်းတုံးတုံးထားတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြီးမားတဲ့ပုံစံမျိုးပေါက်ပါတယ်။ ကိုယ်ကာယအလှသမားတွေ၊ တိုက်ခိုက်ရေးနဲ့အားကစားသမားတွေဟာ  ကတုံးတုံးထားလေ့ရှိကြပါတယ်။ ကတုံးတုံးထားတဲ့အခါ ရင်အုပ်ရဲ့ဖွံ့ထွားမှုဟာ ပိုပေါ်လွင်သွားတာကြောင့် ဖြစ်ပါတယ်။

၅ - ပိုက်ဆံကုန်သက်သာ

ဆံပင်ညှပ်ခသက်သာသလို ဆံပင်အတွက် သုံးရတဲ့ အလှအပပစ္စည်းဖိုးလည်း သက်သာသွားပါမယ်။ ဘယ်လိုခေါင်းလျှော်ရည်ပြောင်းသုံးရင် ကောင်းမလဲ၊ ဘယ်ခေါင်းလိမ်းဆီပြောင်းသုံးရင်ကောင်းမလဲဆိုတဲ့ ခေါင်းစားရတာမျိုးတွေလည်း မရှိတော့ပါဘူး။

 

၆ - ထိပ်ပြောင်

ဆံပင်တွေပါးလာတာ၊ ထိပ်တွေပြောင်လာတာမျိုးကိုလည်း ဖြေရှင်းပြီးသားဖြစ်ပါတယ်။ ဆံပင်တွေ ပါးလာတာကြောင့် မှန်ကြည့်တိုင်း စိတ်ဆင်းရဲနေတာမျိုး မရှိတော့ပါဘူး။

၇ - ပေါ်လွင်တယ်

ကတုံးတုံးထားတာကြောင့် လူကြားထဲမှ ပေါ်လွင်ပါတယ်။ အမျိုးသမီးတွေ တုံးထားရင်တော့ ကြည့်တဲ့သူတိုင်းက မျက်လုံးလွှဲလို့မရအောင် အပေါ်လွင်ဆုံးဖြစ်နေပါတယ်။ အမျိုးသမီးတွေ ကတုံး တုံးတာမရှိဘူးဆိုတဲ့ စံနှုန်းမျိုးရှိတာကြောင့် ဒီလိုစံနှုန်းတွေကို ဂရုမစိုက်တဲ့အမျိုးသမီးအဖြစ်လည်း စိတ်ဝင်စားခံရနိုင်ပါတယ်။

 

၈ - ဦးထုပ်

ဆံပင်တွေရှိနေတဲ့အချိန်တုန်းက ဦးထုပ်တွေဘာတွေ သိပ်ဆောင်းလေ့မရှိပါဘူး။ ကတုံးတုံးလိုက်တဲ့အချိန်မှာတော့ ဦးထုပ်ဆောင်းလာပါတယ်။ ဦးထုပ်အမျိုးမျိုးနဲ့ ဖက်ရှင်အမြင်ပါရှိလာပါတယ်။

Photos & Source: enkivillage

Share

Loading Next Article...
က္က