ကိုယ့်အတွင်းရေးတွေဟာ လူတကာသိအောင် ထုတ်ပြစရာမဟုတ်ပါဘူး။
 

ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေဟာ အချင်းချင်း ရင်းနှီးမှုပိုရဖို့အတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေကို ထုတ်ပြစရာနေရာကောင်းတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အိမ်တွင်းရေး၊ အချစ်ရေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာ ရင်ဖွင့်လေ့ရှိသူဆိုရင်တော့ တစ်ခုခုကို မရေးခင်၊ မတင်ခင် သေသေချာချာ ပြန်စဉ်းစားသင့်ပါတယ်။ ဘာကြောင့် ဒီလိုစဉ်းစားသင့်တာလဲဆိုတော့

(၁) ရန်ဖြစ်တဲ့အခါ

အခန့်မသင့်လို့ စိတ်ဆိုးစကားများတာကို ဖေ့စ်ဘွတ်ပေါ်မှာ အစအဆုံးရေးပြီး လူသိအောင်လုပ်နေတာဟာ ကိုယ့်ကိုရော သူ့ကိုပါ ကောင်းကျိုးမပေးတဲ့အရာပါ။ အိမ်တွင်းရေးကိစ္စတွေကို ဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တဲ့အခါ လူတွေထံကရလာမယ့် like နဲ့ comment တွေက တကယ်တမ်း ဘာမှသုံးလို့မရဘူးလေ။

 

(၂)  ချစ်သမျှတွေ

ကိုယ့်ချစ်သူ/အိမ်ထောင်ဖက်နဲ့ နှစ်ကိုယ်ကြားကိစ္စတွေကိုလည်း မတင်သင့်ပါဘူး။ ကိုယ်နဲ့သူက ဘယ်လိုတွေချစ်ကြတယ် ဆိုတာမျိုးက ကြည်နူးစရာအဆင့်ထက် ပိုလာရင် လူအမြင်ကပ်ခံရတဲ့အဆင့်ကို ရောက်သွားပါတယ်။ အတူနွှဲတဲ့ အချစ်ပွဲတွေဆိုတာလည်း ဖေ့စ်ဘွတ်မှာ တင်ဖို့မသင့်ပါဘူး။ ကိုယ့်ရဲ့မိဘတွေသိရင် မျက်နှာပူရ၊ ရှက်ရပါလိမ့်မယ်။

 

(၃) စီစဉ်ထားတာတွေ

ဘယ်နေ့မှာ ဘယ်သွားမယ်၊ ဘာလုပ်မယ် ဆိုတာတွေကိုလည်း အားလုံးသိအောင် ထုတ်ပြစရာမလိုပါဘူး။ တကယ်ဖြစ်မလာတဲ့အခါ ကိုယ့်ကို တိတ်တဆိတ် လှောင်နေကြပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့အစီအစဉ်တွေကို လူသိအောင်ကြိုပြောလိုက်တဲ့အခါ မကောင်းကြံစည်ချင်သူတွေအတွက် လမ်းပြပေးလိုက်သလိုပါပဲ။

Share

Loading Next Article...
က္က