ဒီအိုင်ဒီယာလေးတွေကို စမ်းလုပ်ကြည့်ပါ။ ပုံစံအသစ်နဲ့ လန်းနိုင်ပါလိမ့်မယ်။
 

အဝတ်အစားတွေဆိုတာ ခေတ်အလိုက် ဝတ်ရတာတွေလည်း ရှိသလို ဝယ်ပြီး တစ်ကြိမ်၊နှစ်ကြိမ်လောက် ဝတ်ပြီးမှ နောက်ထပ်မဝတ်ဖြစ်တော့တာမျိုးလည်း ရှိပါတယ်။ အဲ့ဒီလိုနဲ့ မဝတ်ဘဲ ပုံနေတဲ့အဝတ်တွေ များလာပြီဆိုရင် ရှင်းထုတ်ပြီး အသစ်ဝယ်ဖို့ပဲ တွေးမိရောလေ။ သူများကို ပေးပစ်တာမျိုး လွှင့်ပစ်တာမျိုး လုပ်ကြတယ်မလား။ ဒီလိုတွေမလုပ်ဘဲ ကိုယ့်ရဲ့အဝတ်ဟောင်းတွေကို ပုံစံပြောင်းပြီးဝတ်နိုင်ပါတယ်။

(၁) ဖလန်နယ်ဘောင်းဘီ

ညအိပ်ဝတ်တဲ့ ဖလန်နယ်ဘောင်းဘီကို လည်စည်းပုဝါလေး လုပ်နိုင်ပါတယ်။ ဘောင်းဘီအတွင်းပိုင်းက ချုပ်ကြောင်းတွေကို ကပ်ကြေးနဲ့ညှပ်လိုက်ပါ။ ဘောင်းဘီရဲ့အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ညီအောင်ခေါက်ပြီး တပြေးတည်းဖြစ်အောင် ညှပ်လိုက်ရပါမယ်။ အစနှစ်ဘက်ကို အပ်ချုပ်စက်နဲ့တွဲလိုက်ရင် ပုဝါရပါပြီ။

 

(၂) ဂျင်းဘောင်းဘီအဟောင်း

မဝတ်ချင်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းရဲ့ အောက်ခြေကို ချွတ်ဆေးနဲ့စိမ်ထားလိုက်ပါ။ အရောင်တွေကျွတ်ပြီး ဖြူသွားရင် ရေဆေးပြီး နာရီအနည်းငယ်လောက် ခြောက်အောင်ထားပါ။ ပြီးရင် Permanent Marker နဲ့ ပုံလေးတွေ စိတ်ကြိုက်ရေးဆွဲလိုက်ရင် နောက်ထပ် အသစ်တစ်ထည်လို ဖြစ်သွားမှာပေါ့။

 

(၃) လက်ရှည်ဆွယ်တာ

ဆွယ်တာကို ပုံစံပြောင်းဖို့ ကပ်ကြေး၊ ဖဲကြိုး၊ အပ်နဲ့အပ်ချည်တို့ လိုအပ်ပါတယ်။ လည်ပင်းပေါက်နားက အကျီလက်တစ်ဖက်ကို သုံးပုံတစ်ပုံစာလောက် ကပ်ကြေးနဲ့ခွဲလိုက်ပါ။ တစ်ဖက်စီကို ဖဲကြိုးတစ်ချောင်းစီတပ်ပါ။ ဖဲကြိုးနှစ်ခုကိုချည်ပြီး ဝတ်မယ်ဆို စတိုင်က အလန်းစားလေး ဖြစ်သွားပါလိမ့်မယ်။

(၄) စကတ်ရှည်မှ လက်ပြတ်အကျႌသို့

ကမ်းခြေသွားလို့ ဝတ်ခဲ့တဲ့ စကတ်ဖားဖားကြီးတွေကို အကျႌအဖြစ် အသွင်ပြောင်းပြီး ဝတ်လိုက်ပါ။ စကတ်ရဲ့ အပေါ်ပိုင်း ခါးနေရာကို လည်ပင်းပေါက်အဖြစ်ထားပြီး ဘေးဘက်တွေကို လက်ပေါက်အတွက် ညှပ်ထုပ်ပါ။ ပြီးမှ ပြန်ချုပ်လိုက်ရင် လက်ပြတ်အကျႌတစ်ထည် ရလာပါလိမ့်မယ်။

 

(၅) တီရှည်လက်ရှည်

တီရှပ်ကို စကတ်လို လုပ်ပြီး ဝတ်နိုင်ပါတယ်။ လည်ပင်းပေါက်နေရာကို နည်းနည်းချဲ့လိုက်ပြီး လက်နှစ်ဖက်ကို ဖဲပြားလိုစုစည်းချည်နှောင်လိုက်ရင် စကတ်ဖြစ်သွားပါပြီ။

Source : The Talko

Share

Loading Next Article...
က္က