ဘေလီ ပရီတက် (Bailey Pretak) ဟာ သူမရဲ့ အရေပြားဆိုင်ရာ ပြဿနာကြောင့် နှစ်ပေါင်းများစွာ ကဲ့ရဲ့လှောင်ပြောင်မှုကို ခံခဲ့ရရှာသူပါ။ သူမရဲ့ အရေပြားက ကြေးခွံတွေကွာပြီး မြွေအရေခွံလဲသလို ပုံစံမျိုး ဖြစ်နေရပါတယ်။
မျိုးရိုးဗီဇပိုင်းဆိုင်ရာ မူမမှန်မှုကြောင့် Lamellar ichthyosis ခေါ်တဲ့ ရောဂါနဲ့ ဘေလီက လူ့လောကကြီးကို ရောက်ရှိခဲ့ရသူ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် သူမရဲ့အရေပြားဟာ ပုံမှန်ကွဲအက်ပြီး စုတ်ဖွာနေတဲ့ပုံစံ ဖြစ်နေရသူပါ။ ကျောင်းတက်တုန်းကဆိုရင် သူမကို ကြေးခွံတွေနဲ့ဘေလီ (scaly Bailey) လို့ ဝိုင်းဝန်းအမည်ပေးတာ ခံခဲ့ရပါတယ်။ မူကြိုတက်တုန်းကဆိုရင် သူမမှာ လက်ပရိုစီ (Lesprosy) ရောဂါရှိနေတယ်ဆိုပြီး ကျောင်းသားမိဘတွေက သူတို့ရဲ့ကလေးတွေကို ဘေလီဆော့ကစားတဲ့အရာမှန်သမျှ မထိခိုင်းခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဘေလီဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရဲ့ အလှသရဖူကို ဆောင်းနိုင်ခဲ့ပါတယ်။ Miss Pennsylvania ၊ Ultimate Queen နဲ့ Miss Congeniality ဆုတွေကို ရခဲ့တာပါ။ ဘေလီက သူမရဲ့အရေပြားကို ဆဲလ်သေဖယ်ရှားခြင်း (exfoliate) နဲ့ အစိုဓာတ်ဖြည့်ခြင်းကို ပုံမှန်လုပ်နေရပါတယ်။ ဒီလိုမှမလုပ်ရင် အရေပြားတွေက တင်းမာကွဲအက်လာလို့ လမ်းလျှောက်ရင်အရမ်းကို နာကျင်ရကြောင်း ဘေလီက ပြောပါတယ်။ ခုဆို ဘေလီက အမေရိကတစ်လွှားကို ခရီးသွားနေပြီး သူမရဲ့ရောဂါနဲ့ပတ်သက်လို့ လူတွေသတိပြုလာအောင် လှုံ့ဆော်နေပါတယ်။ Ichthyosis နဲ့ ဆက်စပ်အရေပြားအခြေအနေကို ခံစားနေရသူတွေအတွက် သုတေသနပြုလုပ်နိုင်ရေး FIRST ဖောင်ဒေးရှင်းနဲ့ ရန်ပုံငွေ ရှာဖွေပေးနေပါတယ်။
Source : Metro