(၁၀) မိနစ်နဲ့ အလှပြင်လို့ မပြီးတာ
အပြင်သွားမယ်ဆို ၁၀ မိနစ်အတွင်း မပြီးနိုင်တာကို ဘယ်လိုမှ နားမလည်နိုင်ဖြစ်နေပါသလား။ မိန်းကလေးတွေဆိုတာ ယောကျ်ားလေးတွေလို မဟုတ်ပါဘူး။ သူတို့ထက် အဝတ်အပိုတွေလည်း ဝတ်ရပါတယ်။ (သင်သိမယ် ထင်ပါတယ်) ကြည့်ပျော်ရှှုပျော်ဖြစ်အောင် မျက်နှာကိုလည်း မိတ်ကပ်ပါးပါးလေးတော့ လိမ်းရပါတယ်။ ဒါမှလည်း ရှင်တို့ယောကျ်ားတွေနဲ့ သွားရင် တင့်တင့်တယ်တယ်ဖြစ်မှာ ဆိုတာလည်း တစ်ခုပါပါတယ်။ နောက်ပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ဖီးသင်ရပါသေးတယ်။ ခေါင်းကိုလက်နဲ့ တစ်ချက်နှစ်ချက်လောက် သပ်လိုက်တာနဲ့ ရသွားတာ မဟုတ်တော့ အချိန်နည်းနည်းလောက်ပိုယူမှာပါပဲ။ ဒါတောင် ကားပေါ်ရောက်လို့ နှုတ်ခမ်းနီဆိုး မှန်ကြည့်တာကို ကျေးဇူးတောင် တင်ရမှာပါ။ အားနာလို့ ဒီလောက်အမြန်ပြင်ပေးထားတာ။ ဒီတော့ သင့်ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါမှာ အိမ်ထဲကနေထွက်ဖို့ ၁၀ မိနစ်နဲ့ မပြီးတာကို နားလည်ပေးလိုက်ပါ။
အကျႌဝယ်တဲ့အခါ
ရှော့ပင်ထွက်လို့ ကိုယ့်ကောင်လေးပါလာရင် ဘာအရောင်လေးဝယ်ရမလဲ၊ ဒါလေးနဲ့လိုက်လား စသဖြင့်မေးတဲ့အခါမှာ ကိုယ်မသိဘူးလေ၊ ခါတိုင်းအရောင်ပဲ ဝယ်ပေါ့တို့ မလုပ်ပါနဲ့။ ကိုယ့်ကောင်လေးကို ဘယ်လိုအရောင် ဝယ်ရမလဲဆိုပြီး၊ ဘယ်လိုအရောင်မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ မေးတယ်ဆိုတာ အကြံဉာဏ်တောင်းတာပါ။ ရန်ဖြစ်ဖို့ ရစ်တာလည်း မဟုတ်တဲ့အတွက် သင်လိုက်မယ်ထင်တဲ့အရောင်ကို ဖြစ်ညှစ်ပြီးတော့ တစ်ခါလောက်တော့ ရွေးပေးလိုက်တာ အပန်းမကြီးပါဘူး။
ဖိနပ်စီးတဲ့အခါ
ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်အမြင့်ကြီး စီးပြီး ကျွမ်းကျွမ်းကျင်ကျင် လမ်းလျှောက်သွားလာနေတဲ့ မိန်းကလေးတွေ မြင်ရင်တော့ နည်းနည်းတော့ ကြွေသွားတယ် ထားလိုက်ပါ။ ပြီးတော့ ဒေါက်ဖိနပ်စီးလိုက်တဲ့အခါမှာ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်အနေအထားက လုံးဝကြီး ပြောင်းလဲသွားပြီးတော့ သိပ်လှတဲ့ အဆစ်အပေါက်ကို ပေါ်လွင်စေနိုင်လို့ပါ။ ဒီတော့ ဒေါက်ဖိနပ်စီးရတာ ပင်ပန်းတယ်ဆိုတာ ဟုတ်ပေမယ့် တစ်ခါတစ်လေလှချင်လို့ စီးရှာတာပဲလို့ တွေးပြီး ကောင်မလေးကို လက်ချိတ်ပြီးတွဲလျှောက်ပါ။
အလှကုန်ပစ္စည်းတွေ ဝယ်မဆုံးဖြစ်နေတာ
ဘာလို့ ဒီအလှကုန်ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုးအသစ်ထွက်၊ ထွက်တာတွေကိုလည်း လိုက်ဝယ်လို့ မဆုံးဖြစ်နေသလဲဆိုပြီး မသိဘဲနဲ့ လျှောက်မပြောပါနဲ့။ မျက်နှာဆို မျက်နှာ၊ လက်ဆိုလက်၊ ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြရင်လည်း မိန်းကလေးတွေပဲ နားလည်နိုင်တဲ့ မိန်းကလေးကိစ္စဖြစ်တာမို့လို့ အေးဆေးနေတာကောင်းပါလိမ့်မယ်။
အီမိုဂျီတွေ ဘာလို့ထည့်ပြီး ပို့သလဲ
အီမိုဂျီတစ်ခု မပါမဖြစ်ထည့်ရေးတတ်တာ မိန်းကလေးတွေ သဘာဝပါ။ စိတ်ခံစားချက်ကို ဦးစားပေးတဲ့ သဘာဝရှိတာမို့ ပျော်ရင် ပျော်တဲ့ပုံ၊ စိတ်ညစ်ရင် မဲ့နေတဲ့ပုံလေးတွေ ထည့်ပြီး စာပို့ရတာက ချစ်စရာကောင်းတဲ့အပြင် ပြောချင်တဲ့စကားကို ပိုပြီး ပေါ်လွင်စေတယ်လို့ ခံစားရတာကြောင့်ပါ။
ရာသီလာခါနီး စိတ်တို ဝမ်းနည်းပြီး ရစ်တတ်တာ
ဓမ္ဓ္မတာ ဆိုတဲ့ အခေါ်အဝေါ်ကို ပေးထားတာ ဒီအကြောင်းတွေကို အမှတ်ရနေဖို့လို့သာ အောက်မေ့လိုက်ပါ။ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တာမို့လို့ မိန်းမသားတွေကိုယ်တိုင်လည်း မတတ်နိုင်တဲ့အရာဖြစ်နေပါတယ်။ ဒီတော့ သူမ ဒီလို စိတ်ဖောက်ပြန်တဲ့အခါ ဓမ္ဓ္မတာပါပဲလေ လို့သာတွေးပါ။
ဒရာမာ အချစ်ဇာတ်လမ်းနုနုရွရွလေးတွေ
ဘယ်လိုဖြစ်ပြီး ဒီလောက် ရုပ်ရှင်ဆန်တဲ့ကားတွေ ကြိုက်နေရတာလဲလို့ မတွေးပါနဲ့။ မိန်းကလေးတွေအတွက်က တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်သွားရင် ဇာတ်ဝင် မင်းသား၊ မင်းသမီးအဖြစ် ဝင်ခံစားပြီး ကြည့်တာမျိုးတွေ ရှိတဲအတွက် ဝါသနာအရ ကြည့်ပါစေ။ ရယ်ရတယ်ဆိုပြီးလည်း မပြောပါနဲ့။ သူတို့ဘာသာ စိတ်ကူးယဉ်ပြီး ဇာတ်လမ်းတွဲကြည့်ပြီး ပျော်နေပါစေ။ သူမ ကျေနပ်သွားပါလိမ့်မယ်။
Souce : Allwomenstalk