ဒီပုံစံတွေကို လုပ်ကြည့်ပါ။ မခက်ပါဘူး။ အလွယ်လေးနဲ့ လှနိုင်ပါတယ်။
 

ပွဲတက်စရာ ရှိပြီဆိုတာနဲ့ မိတ်ကပ်၊ ဆံပင်၊ အဝတ်အစားကို ဦးစားပေး စဉ်းစားကြရတော့တာပါပဲ။ ဘယ်လိုဝတ်စုံဝတ်မလဲဆိုတာ စဉ်းစားပြီးတာနဲ့ လိုက်ဖက်မယ့် မိတ်ကပ်နဲ့ဆံပင်ကိုပါ သေသေချာချာ တွဲစပ်ရပါတယ်။ မိတ်ကပ်ကိုတော့ လိမ်းခြယ်တတ်သားနဲ့ ဆံပင်ကိုတော့ မပြင်တတ်ဘူးဆိုရင် ဒီပုံစံတွေကို လုပ်ကြည့်ပါ။ မခက်ပါဘူး။ အလွယ်လေးနဲ့ လှနိုင်ပါတယ်။

 

(၁) Classic Chignon

ဆံပင်ကို နားရွက်အောက်ပိုင်းကစပြီး သားရေကွင်းလေးနဲ့စည်းလိုက်ပါ။ ခပ်လျော့လျော့လေး ဖြစ်နေပါစေ။ စည်းထားတဲ့နေရာကို လက်နဲ့ထိန်းကိုင်ကာ အဖျားကနေ စပြီးလိမ်လိုက်ပါ။ တစ်ဝက်ခေါက်လိုက်ပြီး သားရေကွင်းနေရာကို တစ်ပတ်လျှိုပတ်လိုက်ရုံပါပဲ။ ဆံပင်ကို ခွကလစ်လေးနဲ့ ထိန်းထားလိုက်ရင် ရပါပြီ။ ကလစ်လှလှလေးနဲ့ အလှဆင်တာဖြစ်ဖြစ် ပန်းလေးတစ်ပွင့်လောက် ထိုးလိုက်ရင်ဖြစ်ဖြစ် ပြီးပြည့်စုံသွားပါပြီ။

 

(၂) Brigitte Bardot

ခပ်ဖောင်းဖောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့အသွင်လေးဖြစ်အောင် လုပ်ကြည့်ရအောင်လေ။ ငယ်ထိပ်ကနေ ဆံပင်ကို ၃ လွှာ ခွဲယူလိုက်ပါ။ တစ်လွှာချင်းစီကို အပေါ်ကိုမြှောက်ထားပြီး ဘီးနဲ့အောက်ကိုစိုက်ခြစ်ပေးပါ။ ဆံပင်က ပွပွဖောင်းဖောင်းလေး ဖြစ်လာပါလိမ့်မယ်။ ဒီတော့မှ နားထင်ဘေးနားတစ်ဝိုက်က ဆံပင်တွေကို သိမ်းယူပြီး စောနက  ဖွထားတဲ့ ဆံပင်သုံးလွှာလုံးပေါ်မှာ ကြက်ခြေခတ်အသွင် ယှက်ပြီး ကလေးနဲ့ညှပ်လိုက်ရမှာ ဖြစ်ပါတယ်။

 

ဖော်ပြထားတဲ့ ဆံပင်ပုံစံတွေကို ဟောလိဝုဒ်မင်းသမီးတွေကအစ ပွဲတက်တဲ့အခါ ဆင်ယင်ထုံးဖွဲ့ကြပါတယ်။ ကြည့်လိုက်ရင် အရမ်းကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတဲ့အသွင် ပေါ်လွင်နေပါလိမ့်မယ်။ တကယ်တမ်း လက်တွေ့လိုက်လုပ်ကြည့်မှ မခက်ဘူးဆိုတာ သိလာမှာပါ။ စမ်းလုပ်ကြည့်ပါ။ ပိုလှလာလို့ အကျိုးယုတ်သွားတာမျိုး မရှိဘူးလေ။

Source : Beca Alexander

Share

Loading Next Article...
က္က