ဒီမျက်နှာယောဂ လေ့ကျင့်ခန်းဟာ မျက်နှာပေါ်က ကြွက်သားတွေကို အားဖြစ်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ နဖူးနေရာနဲ့ မျက်လုံးဘေးတစ်ဝိုက်မှာ ကျီးကန်းခြေထောက် ပုံစံ အရေးကြောင်းတွေ ဖြစ်ပေါ်လာမှုကို ဟန့်တားပေးနိုင်ပြီး မျက်နှာကို ပုံမှန်အရွယ်ထက်ပိုပြီး ငယ်နုစေကာ ဆွဲဆောင်မှု ရှိစေပါတယ်။
တအံ့တသြပုံစံ
နဖူးပေါ်က အရေးအကြောင်းတွေကို သက်သာပြေလျော့စေသည်။
မျက်လုံးကို မျက်တွင်းသားအဖြူရောင် ပေါ်နိုင်သမျှပေါ်အောင် ဖြဲထားပါ။ မျက်လုံးက မျက်ရည်တွေ ထွက်လာတဲ့အထိ ဖွင့်ပြီး ပြဲနေအောင် ဖြဲထားပေးပါ။
ဒီလေ့ကျင့်ခန်းက မျက်လုံးဘေးက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးတာဖြစ်ပြီး မျက်မှောင်ကြုတ်ခြင်းကြောင့်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို ပြောင်းပြန်ဆွဲဆန့်ပေးသလိုဖြစ်ပြီး နဖူးရေကိုချောမွေ့စေပါတယ်။
ပါးဖောင်းဖောင်းပုံစံ
မျက်နှာပေါ်ရှိအသားအရည်ကို တင်းရင်းကျစ်လစ်စေပါတယ်။
ပါးစပ်ပေါက်ကနေ လေတွေကို စုပ်သွင်းပြီး ပါးကို ဖောင်းကားနေအောင် ရှှုသွင်းပါ။ ပြီးရင် အဲဒီလေလုံးကြီးကို ပါးနှစ်ဘက် ဘယ်ဘက်၊ ညာဘက် တစ်ဖက်စီ လှည့်ပြီး ဖောင်းပေးပါ။
ဒီလေ့ကျင့်ခန်းက ပါးမှာရှိတဲ့ ကြွက်သားတွေကို တင်းရင်းစေပြီး ပါးရေတွန့်ခြင်း၊ ပါးအသားလျော့ရဲခြင်းကို သက်သာစေပါတယ်။ ဆက်ဆိုဖုန်းမှုတ်တဲ့သူတွေရဲ့ ပါးပြင်တွေကို ကြည့်လိုက်တိုင်း အမြဲတင်းရင်းနေတာ ဒီလို ပါးဖောင်းပေးတာကြောင့်ပါ။
သိမ်းငှက်မျက်လုံးပုံစံ
အောက်မျက်ခမ်းပေါ်မှာ ကျီးခြေရာလို့ခေါ်တဲ့ အကြောင်းလေးတွေ လျော့နည်းစေပါတယ်။ အောက်မျက်ခမ်းနဲ့ မျက်စပစ်ရမှာပါ။ ဒီလိုလုပ်ဖို့က အနည်းငယ်ခက်ခဲတဲ့အပြင်တစ်ခါတစ်လေ လက်ချောင်းလေးတွေရဲ့ အားကို လို အပ်ရင်အသုံးပြုရပါမယ်။
ဒီလေ့ကျင့်ခန်းကို ပြုလုပ်တာက သင့်မျက်လုံးအိမ်ဘေးနားက ကြွက်သားတွေကို ဆွဲတင်းသလို ဖြစ်ပြီး နုပျိုစေမှာပါ။
Source : Totalbeauty