မျက်နှာတစ်ခုလုံးမှာ ဆွဲဆောင်အားအပြင်းဆုံးက မျက်လုံးဖြစ်ပါတယ်။ တောက်ပတဲ့ မျက်ဝန်းတွေက ကိုယ်လိုချင်တဲ့အရာကို ရယူနိုင်အောင် ညှို့နိုင်တယ်လေ။ ဒါကြောင့်မို့လို့ အိုင်းလိုင်နာကို သုံးသင့်ပါတယ်။ ပထမဆုံးအကြိမ် အိုင်းလိုင်နာရည်ကို စပြီးသုံးတော့မယ်ဆိုရင် ဒါလေးတွေကို မှတ်ထားလိုက်ပါ။
၁။ မျက်လုံးဖွင့်
လိုင်နာရည်တွေ မျက်လုံးထဲဝင်မှာကြောက်ပြီး မျက်စိစုံမှိတ်မထားပါနဲ့။ မျက်လုံးနှစ်ဖက်လုံးဖွင့်ပြီးဆွဲမှ သေသေချာချာ ဆွဲလို့ရမှာပါ။ မျက်လုံးကို မှန်အောက်ခြေကိုကြည့်လိုက်ပြီး ဆွဲရင် အဆင်ပြေပါတယ်။
၂။ တစ်ခါတည်းဆွဲ
မျက်ခုံးမွှေးဆွဲသလို တစ်ထပ်ပြီးတစ်ထပ် ဖြည့်ဆွဲရတာမျိုး မဟုတ်ပါဘူး။ အစကနေ အဆုံးထိ တစ်ကြိမ်တည်း တောက်လျှောက်ဆွဲမှ လိုင်နာတွေ မခဲမှာဖြစ်ပါတယ်။ ထူထူလေးဆွဲချင်ရင် တစ်ကြောင်းပြီးတစ်ကြောင်းနေရာကိုဖြည့်သွားပေးရပါမယ်။
၃။ တောင်ပံပုံစံလေးရဖို့
မျက်လုံးအစွန်းဘက်မှာ တောင်ပုံပုံစံ အချွန်လေးဆွဲမယ်ဆိုရင် လိုင်နာရည်ဆွဲတဲ့ စုတ်တံရဲ့ အရှည်လောက်က အနေတော်ပါပဲ။ အရမ်းတိုလွန်း၊ ရှည်လွန်းရင် မလှပါဘူး။
၄။ ဇွဲမလျှော့ပါနဲ့
ကိုယ်နဲ့လိုက်ဖက်မယ့်ပုံစံတွေ အမျိုးမျိုး စမ်းသပ်ကြည့်ပါ။ တစ်ကြိမ်တည်းနဲ့ အဆင်မပြေလို့ လက်မလျှော့ပါနဲ့။ ကိုယ်လှတာ ကိုယ့်အတွက်ပဲလေ။
Source : Instyle