လက်သည်းတွေကို ပြုပြင်ဖို့၊ ဆံပင်ကို ပုံသွင်းဖို့၊ ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းဖို့နဲ့ Concelar လိမ်းဖို့ အချိန်မပေးနိုင်ဘူးလား။ အလုပ်ချိန်မီအောင် ပြင်ဆင်နေရတာကြောင့် အလုပ်များနေတဲ့ နံနက်ခင်းမှာ အချိန် များများ ပေးပြီး ကိုယ့်ကိုယ်ကို မပြုပြင် နိုင်တာ သဘာဝကျပါတယ်။ ဒါကြောင့် အချိန်ကုန်သက်သာပြီး သင့်ကို ပိုမိုကြော့ရှင်း လှပလာစေမယ့် နည်းလမ်း ကောင်းတွေကို အကြံပြုလိုက်ပါတယ်။
ဆံခြည်မျှင်တွေ တောက်ပအောင်
ဆံကေသာ တစ်နေ့လုံးတောက်ပနေအောင် ဆံပင်ဖျန်း စပရေးဖျန်းပြီး Serum အရည်ကြည် လိမ်းပေးပါ။ ဒါဟာ ဆံပင်သားချောမွေ့စေပြီး ဆံပင်အဖျားတွေ နှစ်ခွမကွဲအောင် ကာကွယ်ပေးပါတယ်။ လက်ဖဝါးထဲကို Serum အရည်ကြည် နှစ်စက်လောက်ထည့်ပြီး ဆံပင်အဖျားတွေနဲ့ ကြမ်းတမ်းတဲ့နေရာတွေမှာ လိမ်းပေးပါ။
ဆံပင်တွေ သပ်ရပ်နေအောင် အလွယ်ကူဆုံးနဲ့ စမတ်အကျဆုံး ~တစ်မိနစ်ဆံပင်စတိုင်လ် ဆံထုံး ထုံးလိုက်ပါ။ ကိုယ့်လုပ်ငန်းခွင်မှာ အလုပ်နဲ့ ရာထူးအပေါ်မူတည်ပြီး စမတ်ကျကျနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်စေမယ့် ဆံပင်ပုံကို ပြုလုပ်ပါ။
မျက်တောင်ကော့တဲ့အခါ
မျက်တောင်မကော့ခင် ကော့မယ့်အတံကို HairDryer နဲ့မှုတ်ပြီး ပူအောင်လုပ်ပြီးမှ ကော့ပါ။ မျက်တောင်တွေကို ၁၀ စက္ကန့်လောက် ကော့ပေးပြီး မက်စကာရာ (Mascara) ဆိုးပေးပါ။
နှုတ်ခမ်းဖူးဖူးနီနီ
နှုတ်ခမ်းအရေပြားက တစ်ပတ်တစ်ခါလောက် လဲတတ်တဲ့ သဘာဝရှိပါတယ်။ နှုတ်ခမ်းကို လျှာနဲ့ သပ်ကြည့်လိုက်တဲ့အခါ ကြမ်းကြမ်းရှရှလေးဖြစ်နေရင် အဝတ်ကြမ်းစနဲ့ နာနာပွတ်တိုက်လိုက်ပါ။ နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်သွားပြီး နီတာရဲလေးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ နှုတ်ခမ်းဆိုးဆေးအဆီကို အပေါ်က နည်းနည်းဆိုးပေးလိုက်ပါ။
မျက်ဝန်းကြည်ကြည်
မျက်ခွံပေါ်ကို ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်မယ့် အိုင်းရှဲဒိုးတောက်တောက်လေး ခြယ်သပေးထားရင် အလုပ်မှာ ပင်ပန်းနေရင်တောင် လန်းဆန်းတဲ့အသွင် ဖြစ်နေစေပါတယ်။ အသားအရေ ကြည်လင်နေတဲ့မျက်နှာနုနုလေးဖြစ်သွားအောင် ပုလဲဖြူ (သို့) ပန်းရောင်မျက်လုံးဆွဲ ခဲတံတစ်ချောင်းနဲ့ အောက်မျက်ခမ်းစပ်တစ်လျှောက်မှာ ဆွဲလိုက်ပါ။
Source : SheFinds