ဂီတနယ်ပယ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ဂရမ်မီဆုပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ညက အမေရိကန်ပြည်ထောင်စု၊ လော့စ်အန်ဂျလိစ်မြို့က Staples Center မှာ ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ဒီဆုပေးပွဲမှာ ဖက်ရှင်မျိုးစုံကို စုံစုံလင်လင်မြင်ရလေ့ရှိပါတယ်။ စင်ပေါ်မှာ ဖျော်ဖြေမယ့်လူ၊ ဆုမှန်းထားတဲ့လူတွေကတော့ အထူးတလည် ပြင်ဆင်လာကြတာကို တွေ့ရမှာပါ။ ဒီထဲကမှ အလှဆုံးတွေကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။
၁။ ဘီယွန်းဆေး
စင်ပေါ်မှာ ဖျော်ဖြေချိန် ဘီယွန်းဆေးဝတ်ဆင်သွားတဲ့ဒီဇိုင်းက ထည်ဝါခမ်းနားလွန်းပါတယ်။ တစ်ကိုယ်လုံး ရွှေတွေနဲ့ဖုံးလွှမ်းထားတဲ့ဝတ်စုံက ဘီယွန်းဆေးရဲ့ ပျားရည်ရောင်အသားအရည်နဲ့လိုက်ဖက်တယ်ဆိုတာ ဘယ်သူက ငြင်းဆန်မှာတဲ့လဲ။ ရှေးခေတ် နတ်ဘုရားမတစ်ပါးလို ကျက်သရေရှိလှတဲ့ ဘီယွန်းဆေးဟာ သူမရဲ့အမြွှာကိုယ်ဝန်ကိုလည်း ဂုဏ်ယူစွာ လှစ်ဟပြထားပါတယ်။
၂။ အဒဲလ်
၅၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ဟာ Album of the Year နဲ့ Best Pop Vocal Album ဆုတွေ ရရှိခဲ့ပြီး Hello သီချင်းက Song of the Year, Record of the Year နဲ့ Best Pop Solo Performance ဆုတို့ကို ရရှိခဲ့ပါတယ်။ ဂရမ်မီစင်မြင့်ကို လွှမ်းမိုးခဲ့တဲ့ အဒဲလ်ရဲ့ ဝတ်စုံကလည်း သူမနဲ့လိုက်ဖက်ညီစွာ လှပနေပါတယ်။
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ဂရမ်မီဆုများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ အဒဲလ်ရဲ့ 25 နဲ့ Hello
၃။ ဆိုလန်ဂျီ နိုးလက်စ်
သူမရဲ့ရွှေရောင်ဝတ်စုံကိုမြင်ရတာ ကလီယိုပတ်ထရာရဲ့အလှကိုတောင် မြင်ယောင်မိစေပါတယ်။
၄။ စီလင်းဒီယွန်
ခင်ပွန်းသည်ကွယ်လွန်ပြီးနောက် အချိန်အတော်ကြာ ငြိမ်သက်တိတ်ဆိတ်နေခဲ့တဲ့ စီလင်းဒီယွန်ဟာ စိမ်းစိုတဲ့ဖက်ရှင်အပြည့်နဲ့ ပွဲတက်ခဲ့ပါတယ်။ ဝတ်စုံအစိမ်း၊ လက်ဝတ်ရတနာအစိမ်း၊ ဖိနပ်အစိမ်းနဲ့ ခပ်စိမ်းစိမ်းကြီးကို တင့်တယ်နေပြန်ပါတယ်။
၅။ ဂျနီဖာလိုပက်ဇ်
အလန်းမမ ဂျနီဖာလိုပက်ဇ်ကတော့ လာဗင်ဒါရောင်ဖျော့ဖျော့လေးကို ရွေးချယ်လာပါတယ်။ ဒီလိုအရောင်မျိုးက ကျက်သရေရှိတဲ့အသွင်ကို ဖြစ်စေတယ်လေ။ ဒါပေမဲ့ ဆက်စီကျသူဆိုတော့ အပေါ်ပိုင်းမှာ လှစ်ဟပြထားသလို ပေါင်ရင်းလောက်ကနေလည်း ခွဲထားပါသေးတယ်။
၆။ လေဒီဂါဂါ
ဂါဂါရဲ့ဝတ်စုံကို မကြိုက်သူတွေကတော့ ဂန်းစတားနဲ့တူတယ်လို့ ဝေဖန်ကြပါတယ်။ မျက်နှာက အရမ်းကိုလှပနေတော့လည်း ဝတ်စုံကပါ အမိုက်စား ရော့ခ်ကာအသွင်ပေါ်လာလို့ ကြိုက်တဲ့လူတွေကလည်း အရမ်းကြိုက်ကြလေရဲ့။
(၅၉) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲက ဆိုးဆိုးရွားရွားဖက်ရှင်များ ကိုလည်း ဖတ်ရှုလိုက်ပါဦး။