အနားမှာရှိတဲ့ လူတွေ၊ အရာဝတ္ထုတွေကို လိုက်ကြည့်နေပြီး ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်လိုမျိုးမှ လိုချင်တယ်ဆိုတဲ့ လိုချင်မျက်စိနဲ့ ကြည့်နေတတ်သူဆိုလည်း သတိထားပါ။
 

တစ်စုံတစ်ယောက်ကို ချစ်မိပြီဆို အနည်းနဲ့အများတော့ ပူပင်ရပါတယ်။ ချစ်တဲ့စိတ်နဲ့ လွမ်းရသလို ဒီလူက ကိုယ့်ရှေ့မှာ ရည်းစားတွေအများကြီး ထားခဲ့ဖူးတယ်ဆိုလည်း ပူပင်ရပြန်ရောလေ။ နောက်ကွယ်မှာ ခြေရှုပ်နေမလားဆိုပြီး စိတ်ပူရတာလည်း အခါခါပါပဲ။ ဘယ်လိုလူမျိုးတွေက ခြေရှုပ်တတ်သလဲဆိုတော့ ....

၁။ လူတကာနဲ့ ပရောပရည်နေလွန်းတယ်

အထူးသဖြင့် ဆန့်ကျင်ဘက်လိင်တွေနဲ့ဆို အရမ်းကို သဘောတွေကောင်းပြ၊ ရင်းရင်းနှီးနှီးနေပြတာက သိပ်ပြီး ယုံချင်စရာမကောင်းပါဘူး။ ချစ်သူရှိလာပြီဆို အနေအထိုင် ဆင်ခြင်ရတော့မယ်လေ။ အရင်လိုမျိုး နေချင်သလိုနေနေတုန်းပဲဆိုရင် ကိုယ့်အပေါ် သိပ်အလေးမထားရာရောက်နေပါတယ်။

What_Are_The_Chances_of_Cheating_in_Your_Relationship.jpg 

၂။ လိုချင်စိတ်များသူ

အနားမှာရှိတဲ့ လူတွေ၊ အရာဝတ္ထုတွေကို လိုက်ကြည့်နေပြီး ဘယ်ဟာက ပိုကောင်းတယ်၊ ဘယ်လိုမျိုးမှ လိုချင်တယ်ဆိုတဲ့ လိုချင်မျက်စိနဲ့ ကြည့်နေတတ်သူဆိုလည်း သတိထားပါ။ သူက အမြဲတမ်းလိုလို ပိုကောင်းတာပဲ လိုချင်သူဆိုတော့ ကိုယ့်ထက်သာတာတွေ့ရင် သာတဲ့နောက် ပါသွားမယ့်သဘောပါပဲ။

 

၃။ အတ္တသမား

ကိုယ့်ရဲ့ချစ်သူဟာ တဖက်သားအပေါ် စာနာတတ်သူမဟုတ်ဘဲ သူ့အကြောင်းသူသာ စိတ်ဝင်စားသူ ဖြစ်ပါသလား။ အတ္တသမားကို ချစ်သူတော်ရတာ ပင်ပန်းလွန်းလှပါတယ်။ သူက ကိုယ်ဘာဖြစ်နေနေ ဂရုစိုက်မှာလည်းမဟုတ်တော့ ဖောက်ပြန်ချင်စိတ်ပေါ်လာရင်တောင် ကိုယ့်အပေါ် ငဲ့ညှာပေးမှာမဟုတ်ပါဘူး။

၄။ လိမ်ညာတတ်သူ

တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့အခါ ပွင့်လင်းမြင်သာမှုက အရေးကြီးပါတယ်။ ဖုံးကွယ်တာတွေ၊ ဟန်ဆောင်တာတွေ ရှိနေသမျှတော့ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝနားလည်နိုင်ဦးမှာ မဟုတ်ပါဘူး။ စကားကို ဟိုပြောဒီပြောနဲ့ လိမ်ညာတတ်တဲ့လူတွေက နောက်ကွယ်မှာ ဖောက်ပြန်နေရင်တောင်မှ ကိုယ့်ကို သည်းသည်းလှုပ်ပြနေဦးမယ့်လူတွေပါ။

Source : Independent

Share

Loading Next Article...
က္က