ဂျပန်နိုင်ငံရဲ့ ကျော်ကြားမှုတစ်ခုထဲမှာ ဂေးရှားမယ်တွေလည်း ပါဝင်ပါတယ်။ ရှေးခေတ်တုန်းက ဂေးရှားတွေဟာ အရမ်းကို နာမည်ကျော်ခဲ့တာပါ။ ငယ်ရွယ်နုပျိုပြီး လှပချောမောတဲ့ အကမယ်တွေလည်း ဖြစ်ပါတယ်။ ဂေးရှားတွေဟာ မျက်နှာကို ဖြူဖွေးနေအောင်လိမ်းပြီး နှုတ်ခမ်းနီကိုလည်း နှုတ်ခမ်းအလယ်မှာသာ ဆိုးထားလေ့ရှိကြတာပါ။
ဂေးရှားပုံစံ လိမ်းခြယ်ဖို့ဆိုတာ အသားအရေက ကြွေလိုတောက်ပတင်းရင်းနေမှသာ လိမ်းလို့ရတာပါ။ ကိုယ့်အသားအရေအပေါ် ယုံကြည်ချက်ရှိတယ်ဆိုရင်၊ မိတ်ကပ်လိမ်းရတာ ဝါသနာပါတယ်ဆိုရင် ဂေးရှားပုံစံ စမ်းသပ်လိမ်းခြယ်ကြည့်ပါလား။
ပထမဆုံးအနေနဲ့ မိတ်ကပ်မလိမ်းမီမှာ အစိုဓာတ်ဖြည့်ခရင်ကို မျက်နှာပေါ်ပျံ့နှံ့စိမ့်ဝင်အောင် လိမ်းထားလိုက်ပါ။ နောက်မှ မိတ်ကပ်ဖောင်ဒေးရှင်းအရည်ကို လိမ်းရပါမယ်။ ဖောင်ဒေးရှင်းအရောင်ဟာ ကိုယ်သုံးနေကြအရောင်ထက် ပိုဖျော့တဲ့အရောင်ကိုရွေးပါ။ ရေမြှုပ်လေးနဲ့ ဖောင်ဒေးရှင်းတွေပျံ့နှံ့အောင်လုပ်ပြီးတဲ့အခါ မျက်နှာဖုံးတပ်ထားသလို ဖြစ်သွားပါလိမ့်မယ်။ သိပ်သည်းတဲ့အသွင်ကိုရဖို့ Translucent ပေါင်ဒါမှုန့်ကို ပုတ်လိုက်ရပါမယ်။
မျက်ခုံးမွေးဆွဲတဲ့အခါ အနက်ရောင်ကိုပဲရွေးပါ။ မျက်ခွံပေါ်မှာ အသားရောင်အိုင်းရှဲဒိုးကိုသုံးပြီး မျက်ခုံးအောက်မှာတော့ အဖြူရောင်အိုင်းရှဲဒိုးဆိုးပေးပါ။ ပန်းရောင် ခရင်မ်အိုင်းရှဲဒိုးကို အပေါ်မျက်ခွံတစ်ခုလုံးဖုံးသွားအောင်ခြယ်ပါ။ မျက်လုံးထောင့်တွေကိုတော့ အနီရောင်အိုင်းရဲှဒိုးဖြည့်ရမှာပါ။ အိုင်းလိုင်နာအနက်ရောင်ကိုလည်း သုံးဖို့လိုပါတယ်။ နောက်ဆုံးမှာတော့ နီရဲစိုရွှန်းတဲ့ နှုတ်ခမ်းနီကိုဆိုးပေးရမှာဖြစ်ပါတယ်။ နှုတ်ခမ်းကိုဖူးဖူးလေးဖြစ်အောင် အလယ်မှာစုပြီးဆိုးပေးမှသာ ဂေးရှားပုံစံရရှိပါလိမ့်မယ်။
Source : Yve-Style