နှုတ်ခမ်းလေးတွေဟာ ပံုံသဏ္ဍန်မျိုးစုံ၊ အရောင်မျိုးစုံ၊ အထူအပါး အမျိုးမျိုး ရှိတတ်ကြပါတယ်။ အိစက်ထူထဲတဲ့ နှုတ်ခမ်းတစ်စုံကို သဘောကျသူတွေရှိသလို နှုတ်ခမ်းပါးလေးတွေကိုမှ စုံမက်ကြသူတွေလည်း ရှိလေရဲ့။ ဒီလိုမျိုး အလေးထားသင့်တဲ့ နှုတ်ခမ်းလေးတွေဟာ နေလောင်ဒဏ်ထိတွေ့မှုနဲ့ ဆေးလိပ်သောက်ခြင်းတွေကြောင့် အလှပျက်ရပါတယ်။
ကိုယ့်ရဲ့ နှုတ်ခမ်းအလှကို တန်ဖိုးထားသူတွေအတွက် အချိန် နှစ်မိနစ်တည်းနဲ့ လှသွားအောင်လုပ်လို့ရတယ်ဆို ယုံပါ့မလား။ ဒါက အမှန်ပါပဲ။ ကိုယ့်နှုတ်ခမ်းလေးကို အလှဆုံးဖြစ်စေဖို့အတွက်က ထင်သလောက် မခက်ပါဘူး။
ပထမဆုံးအနေနဲ့ နှုတ်ခမ်းသားလေးပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပါမယ်။ နှုတ်ခမ်းကို Scrub လုပ်တဲ့ ခရင်မ်တွေ အများကြီးရှိပါတယ်။ သကြားကိုသုံးမယ်ဆိုရင်တော့ ငွေမကုန်တော့ဘူးပေါ့။ ခရင်မ်/သကြားကို နှုတ်ခမ်းပေါ်တင်ပြီး စက်ဝိုင်းပုံစံအတိုင်း ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။ ပြီးရင် တစ်ရှုးအစိုနဲ့ ခရင်မ်တွေကို ပြောင်အောင်ဖယ်ရှားလိုက်လို့ရပါပြီ။ Lip Balm ဆိုးထားပေးလိုက်ပါ။ တစ်မိနစ်လောက်ဆို ဆိုးထားတဲ့ lip balm က နှုတ်ခမ်းသားထဲ စိမ့်ဝင်ပြီး ဖူးဖူးလေးဖြစ်လာပြီလေ။ ဆိုးချင်တဲ့နှုတ်ခမ်းနီကို ဆိုးရမှာဖြစ်ပါတယ်။ အိစက်နုထွေးတဲ့ နှုတ်ခမ်းလေးကို ဘယ်သူကများ ငြင်းဆန်နိုင်မှာတဲ့လဲ။
Source : Look