ဆင်တူလက်စွပ်ဝတ်ခြင်းကတော့ ၁၂၁၄ ခုနှစ်မှာ စတင်လာခဲ့တာပါ။
 

အနောက်နိုင်ငံတွေမှာ ချစ်သူကို လက်ထပ်ခွင့်တောင်းတာကို မြင်ဖူးကြမယ် ထင်ပါတယ်။ အမျိုးသားက ဒူးတစ်ဖက်ကိုထောက်ထားပြီး လက်စွပ်ကိုကိုင်ကာ လက်ထပ်မလားလို့ ချစ်သူကို မေးတာမျိုးဟာ မြင်ရသူအဖို့တောင် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သူတို့က ဘာဖြစ်လို့ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းရတာလဲဆိုတာ သိပါလား?

 

Engagement Ring Bible ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရဆိုရင်တော့ ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်တောင်းခြင်းဟာ လေးစားသမှုကို ပြသတာဖြစ်တယ်လို့ ဆိုပါတယ်။ အချို့အမျိုးသားတွေကတော့ ကောင်မလေးရဲ့ဖခင်ထံကနေ ကောင်းချီးပေးမှုကို အရင်တောင်းခံပြီးမှ လက်ထပ်ခွင့်တောင်းတာလည်း ရှိပါတယ်။

 

အလယ်ခေတ်ကာလအတွင်းက အမျိုးသားတွေဟာ သခင်နဲ့ ဘုရင်တွေအပေါ် လေးစားသမှု၊ အမိန့်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို ပြသလိုတဲ့အနေနဲ့ ဒူးထောက်အရိုအသေပေးခဲ့ကြပါတယ်။ ဘာသာရေးအခမ်းအနားတွေမှာဆိုရင်လည်း ဘုရားသခင်ကို ဒူးထောက်ဝတ်ပြုကြတယ်လေ။ လက်ထပ်ခွင့်တောင်းခံရာမှာလည်း ကိုယ်ချစ်ရတဲ့သူအပေါ် ဘဝကို ပုံအပ်ခြင်း၊ သူ့ကိုတန်ဖိုးထားလေးစားခြင်းတို့ကို ပြသဖို့အတွက်နဲ့ ဒူးတစ်ဖက်ထောက်ကာ လက်ထပ်ခွင့်တောင်းလာကြတယ်လို့ သိရပါတယ်။ ၁၂၁၄ ခုနှစ်အတွင်းက ပုပ်ရဟန်းမင်းကြီး Innocent III ဟာ လက်ထပ်ပေးဖို့တောင်းဆိုလာတဲ့ စုံတွဲတွေကို အချိန်ကာလအနည်းငယ် စောင့်ဆိုင်းစေခဲ့ပါတယ်။ ယင်းကာလအတွင်းမှာ စုံတွဲတွေက ဆင်တူလက်စွပ်ကို ဝတ်ဆင်ထားခြင်းဖြင့် လက်ထပ်မယ့်အကြောင်းကို အတည်ပြုပြသခဲ့ကြတာဖြစ်ပါတယ်။

Source : Independent

Share

Loading Next Article...
က္က