မြင်ရတာ ကြည်နူးစရာလေးပါ။
 

ဂျပန်နိုင်ငံက ဘိုးဘွားမောင်နှံနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃၇ နှစ်ကတည်းကနေ ယနေ့ထိတိုင်အောင် နေ့စဉ်နေ့တိုင်း ဆင်တူပဲ ဝတ်ဆင်ခဲ့ကြပါသတဲ့။ သူတို့အကြောင်းကို Bonpon511 အမည်နဲ့ အင်စတာဂရမ်အကောင့်မှာ ပုံတွေတက်လာတော့ လူတွေက သဘောကျနေကြပါတယ်။ ယင်းအင်စတာဂရမ်အကောင့်ဟာလည်း follower ၁၀၀၀၀၀ကျော်သွားပါပြီ။

[No available link text] 

ဘိုးဘွားစုံတွဲရဲ့အသက်တွေကတော့ ၆၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ အမည်ရင်းတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဘယ်အချိန်မှာ လက်ထပ်ခဲ့တယ်ဆိုတာကိုလည်း မသိရပါဘူး။ ဒါပေမဲ့ လူတွေကတော့ အဘိုးနဲ့အဘွားကိုကြည့်ကာ ကြည်နူးနေကြလေရဲ့။

 

သူတို့နှစ်ဦးဟာ ဘာကိုပဲဝတ်ဝတ် တစ်ယောက်နဲ့တစ်ယောက် ဆင်တူဖြစ်အောင် ရွေးချယ်ခဲ့ကြပုံရပါတယ်။ ပြီးတော့ အဝတ်အစားရွေးချယ်ရာမှာလည်း ဖက်ရှင်ကျကျ ဝတ်ကြတာကို တွေ့ရပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က