ကိုယ့်ကို အရမ်းဝနေပြီ ဘာမှမစားနဲ့တော့လို့ ပြောလာသူရှိရင်လည်း လက်မခံပါနဲ့။
 

လူနေမှုစနစ်က ပြောင်းလဲလာတော့ အဝလွန်သူတွေများ တစ်နေ့ထက်တစ်နေ့ ပိုများလာပါတယ်။ အစားအသောက်တွေကြောင့်လည်း ဖြစ်နိုင်သလို အနေအထိုင်ကြောင့်လည်း ဝိတ်တက်ရပါတယ်။ စားပွဲခုံမှာထိုင်ပြီး အလုပ်လုပ်နေရသူတွေကတော့ မဝဘူးဆိုရင်တောင် ဗိုက်ခေါက်လေးထူနေတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ဝိတ်ချဖို့ အမြဲလိုလို ကြိုးစားရတာပေါ့။ ရှိသင့်တဲ့ကိုယ်အလေးချိန် ပိုနေရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဝိတ်ချဖို့ အကြံဉာဏ်တောင်းမယ်ဆိုရင် ဒီလိုလူတွေပေးတဲ့ အကြံဉာဏ်တွေက ထိရောက်မှုမရှိပါဘူး။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ဝိတ်ကျစေတဲ့ အိပ်နည်းလေး ပေးမယ်

 

၁။ ဘယ်လောက်စားစားဝိတ်မတက်သူတွေ

မျိုးရိုးကိုက မဝတဲ့မျိုးရိုးဆိုတော့ ဘယ်လောက်စားစား ဝိတ်မတက်ပါဘူး။ သူစားတဲ့အတိုင်း လိုက်စားနေရင်တော့ ဝိတ်မကျဘဲ ပိုတောင်တက်လာပါဦးမယ်။

၂။ ကိုယ့်ကျန်းမာရေးအခြေအနေကိုမသိသူ

ကိုယ်ရဲ့ကျန်းမာရေးအခြေအနေအရ ခန္ဓာကိုယ်က လိုအပ်တာတွေကို စားသုံးပေးရတာမျိုးလည်း ရှိပါတယ်။ ပင်ပင်ပန်းပန်း လှုပ်ရှားနေရလို့ ထမင်းကို ပိုတောင့်တမိပါတယ်။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒြိတ်က လှုပ်ရှားဆောင်ရွက်မှုတွေအတွက် အားအင်ကို ထုတ်ပေးနိုင်တယ်လေ။ ဒါကို နားမလည်ဘဲ ကိုယ့်ကို ထမင်းလျှော့စားခိုင်းနေရင်တော့ လက်မခံသင့်ပါဘူး။ တကယ်ဝိတ်ကျချင်ရင် ထမင်းလျှော့စားရင်တောင် အခြား ကာဘိုဟိုက်ဒြိတ်ပါတဲ့ အစားအစာတွေ စားရမှာ ဖြစ်ပါတယ်။ ဆီးချိုရှိနေတာမျိုးဆိုရင်လည်း ဝိတ်ချဖို့ကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဝိတ်ချသင့်ပါတယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ဝိတ်ကျဖို့အတွက် အထောက်အကူပြုမယ့် ခရမ်းသီး

 

၃။ အလွန်အကျွံလျှော့စားခိုင်းသူ

ကိုယ့်ကို အရမ်းဝနေပြီ ဘာမှမစားနဲ့တော့လို့ ပြောလာသူရှိရင်လည်း လက်မခံပါနဲ့။ အရမ်းစားနေရင်းက ရုတ်တရက်ဆိုသလို အစားကို အများကြီးလျှော့ချလိုက်ရင် ကျန်းမာရေးထိခိုက်သွားပါလိမ့်မယ်။

Source : Prevention

Share

Loading Next Article...
က္က