ကိုယ့်နားရွက်ထက် ပိုကြီးတဲ့ ပန်းတစ်ပွင့်လောက် ခေါင်းမှာပန်ဆင်ကြည့်ပါလား။
 

ခေါင်းပေါ်မှာ ပန်းလေးတစ်ပွင့်လောက် တင်ထားလိုက်တဲ့အခါ ပိုပြီးလှသွားတာ အသေအချာပါပဲ။ မြန်မာဆိုရိုးစကားမှာတော့ ပန်းပန်ရင် နန်းဆန်တယ်လို့ ဆိုပါတယ်။ ပန်းပန်ထားတဲ့ မိန်းကလေးက ထည်ဝါခန့်ညားမှုနဲ့ လှပတင့်တယ်နေပါလိမ့်မယ်။ ပန်းပန်မယ်ဆို တစ်ပွင့်တည်းပန်တာက ကိုယ့်အလှကို ပိုမိုပေါ်လွင်စေပါတယ်။ ကိုယ့်နားရွက်ထက် ပိုကြီးတဲ့ ပန်းတစ်ပွင့်လောက် ခေါင်းမှာပန်ဆင်ကြည့်ပါလား။

 

ဆံနွယ်တွေအလယ်က နားရွက်လေးနားမှာ ပန်းလေးပန်ထားကြည့်ပါ။  ဆံပင်ဖြောင့်နေရင် နားရွက်ကြားထဲ ညှပ်လိုက်ရုံပေါ့။ ဆံပင်က မဖြောင့်ဘူးဆိုရင်လည်း ကလစ်လေးနဲ့ချိတ်ပြီး ပန်ထားကြည့်ပါ။ ကပိုကယိုလေး လှနေပုံကြောင့် ကောင်လေးတွေ ဝိုင်းငေးမှာ သေချာပါတယ်။

 

နောက်တစ်နည်းက ဆံထုံးမှာ ပန်ဆင်တာပါ။ ဆံထုံးဆိုပေမဲ့လည်း ကိုယ်အဆင်ပြေသလို စုစည်းထုံးထားတာမျိုးဆိုလည်း ကောင်းပါတယ်။ ဒီလိုပုံစံ ပန်းပန်တာကတော့ တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ တူပါတယ်။ မဟာဆန်တဲ့အလှလည်း ဖြစ်ပါတယ်။

 

ဆံပင်အပေါ်ပိုင်းတစ်လွှာကို နောက်ဘက်မှာ စုချည်ထားတဲ့အခါ ပန်းပန်လို့လည်း ရပါတယ်။ ချည်ထားတဲ့ဆံပင်တွေထဲမှာ ပန်းရိုးတံလေး ထိုးစိုက်လိုက်ရုံပါပဲ။ ယဉ်ယဉ်လေးနဲ့ မိန်းမသားဆန်ဆန် သိမ်မွေ့တဲ့အလှ ပေါ်ထွက်လာပါလိမ့်မယ်။ ဆယ်ကျော်သက်ကနေ အသက် ၄၀ လောက်အထိကို ဒီလိုပန်ဆင်ပုံနဲ့ လိုက်ဖက်ပါတယ်။

Source : Xovain

Share

Loading Next Article...
က္က