ဆံပင်နဲ့ ပတ်သက်တဲ့ ပြဿနာထဲမှာ ထိပ်ပြောင်တာက အဆိုးဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ ဆံပင်တွေ ကျွတ်တာများပြီး ထိပ်တည့်တည့်မှာ ပါးနေတာ အတော်ကြည့်ရဆိုးပါတယ်။ ထိပ်ပြောင် ဆံပင်ပါးသူတွေအနေနဲ့ ဒါတွေကို စားပေးမယ်ဆို ဆံပင်ကျွတ်တာ သက်သာပြီး ဆံပင်တွေမြန်မြန်ပြန်ပေါက်လာနိုင်ပါတယ်။
၁။ ဟင်းနုနွယ်ရွက်
အမျိုးသမီးတွေမှာဆိုရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အားနည်းမှုကြောင့်လည်း ဆံပင်ကျွတ်ရပါတယ်။ ပရိုတိန်း (အသားဓာတ်)၊ သံဓာတ်၊ သံဓာတ်သိုလှောင်မှု၊ ဗီတာမင် D နဲ့ အခြားသတ္တုဓာတ်တွေဟာ ဆံပင်ကောင်းခြင်း၊ ဆံပင်မကောင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် သံဓာတ်အားနည်းရင် ဆံပင်ကျွတ်ရပါတယ်။ ဟင်းနုနွယ်က သံဓာတ်ကြွယ်ဝတာမို့ ဆံပင်ကျွတ်တာ သက်သာစေပါတယ်။ မဂ္ဂနီဆီယမ် (magnesium) ၊ ပိုတက်ဆီယမ် (potassium) ၊ ကယ်လ်ဆီယမ် (calcium) နဲ့ သံဓာတ်တို့က ဆံပင်အတွက် အားဖြစ်စေပါတယ်။ ဒီဓာတ်တွေ ပါဝင်တဲ့ဟင်းနုနွယ်ကို စားခြင်းဟာ ဆံပင်ကျွတ်ခြင်းကို သက်သာစေပါလိမ့်မယ်။
၂။ ဆယ်လ်မွန်
ဆယ်လ်မွန်ငါးက အိုမီဂါ - ၃ ဖက်တီအက်ဆစ် (omega - 3 fatty acids) တွေ များပြားစွာ ပါဝင်နေပါတယ်။ ဒါတင်မက ဗီတာမင် D လည်း ပါဝင်တာမို့ ဆံပင်အတွက် အကောင်းဆုံး ကောင်းကျိုးတွေကို ပေးမှာဖြစ်ပါတယ်။ ဆံပင်လည်း သန်စေပါတယ်။
၃။ ဥအမျိုးမျိုး
ကြက်ဥ/ဘဲဥတို့လို ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ဘိုင်အိုတင် (biotin) ဟာ ဆံပင်သန်စွမ်းမှုကို များစွာ အထောက်အကူဖြစ်စေပါတယ်။ ဆံပင်ပေါက်ဆေးအနေနဲ့တောင် သောက်သုံးကြပါတယ်။ ကြက်ဥအနှစ်က ဆံပင်အမြစ်တွေကို ခိုင်စေလို့ ဆံပင်မကျွတ်တော့ပါဘူး။ ဒါပေမဲ့ ကြက်ဥအကာကတော့ ဘိုင်အိုတင် ရယူမှုကို အတားအဆီးဖြစ်စေပါတယ်။ ဆံပင်သန်ချင်ရင် ကြက်ဥအနှစ်ကိုသာ စားပါ။
Source : Eat This