ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခါးနဲ့ ပေါင်တံတွေကိုလည်း လှပစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
 

မိန်းကလေးတွေရဲ့ သေးသိမ်လှတဲ့ ခါးလေးဟာ ကဗျာဆရာတွေ၊ သီချင်းရေးဆရာတွေကတောင် လှလှပပ ညွှန်းဆိုဖွဲ့သီရတဲ့အထိ ဆွဲဆောင်မှုရှိပါတယ်။ ဗိုက်ပူခါးတုတ်နေရင် ကြည့်လို့လည်းမလှပါဘူး။ ပိုဆိုးတာက အဆီတွေကြောင့် ကျန်းမာရေးထိခိုက်ပြီး အထိုင်အထ ခက်ခဲတာပါပဲ။ ခါးလှလှလေး ဖြစ်ချင်တယ်ဆို ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လေ့ကျင့်မလား။ နည်းလမ်းကို ပြောပြမယ်လေ။

 

ဒီနည်းလမ်းကို Corkscrew လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေပြီး ခါးနဲ့ ပေါင်တံတွေကိုလည်း လှပစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပက်လက်အနေအထားတိုင်း ရှိနေပါစေ။ လက်နှစ်ဘက်ကို ဘေးမှာချထားပါ။

 

ခြေထောက်ကိုတင်းထားပြီး နှစ်ချောင်းလုံး အပေါ်ကို ဖြည်းဖြည်းချင်းမြှောက်ပါ။ ဦးခေါင်းဆီကို ညွှတ်ပြီးမြှောက်ပေးရပါမယ်။ ကိုယ်လုံးနဲ့ခြေထောက်ကို ၄၅ ဒီဂရီတိမ်းစောင်းတဲ့ အနေအထားမျိုးဖြစ်အောင် တိမ်းပေးပါ။ ပခုံးနဲ့လက်တွေက နေရာမရွေ့ရပါဘူး။ ခြေထောက်ကို ဖြည်းဖြည်းချင်းပြန်ချတဲ့အခါ ကြမ်းနဲ့ထိအောင် မချရပါဘူး။ ဝမ်းဗိုက်သားကို ညှစ်ထား၊ ခြေကိုဆန့်တန်းထားပြီး အလယ်လောက်မှာ ရပ်လိုက်ပါ။ ပြီးရင် နောက်တစ်ကြိမ်ပြန်မြှောက်ကာ နောက်တစ်ဖက်ကို စောင်းပေးရမှာဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြောင်းမှာ ခြေကို လေထဲမှာ ၃ စက္ကန့်လောက် တန်းထားပြီး အသက်ကို ဖြည်းဖြည်းရှုသွင်းမယ်ဆို ပိုထိရောက်ပါတယ်။

Source : Bright Side, How Cast

Share

Loading Next Article...
က္က