အစားတစ်ခုခုကို အရမ်းကြိုက်လို့ စားမိရင် သူများတွေက ပြောလိမ့်မယ်။ " အရမ်းစားတာပဲ"လို့။ ကိုယ့်အသားအရေ ကြည်လင်ဖို့အတွက် စားတာမျိုးကတော့ စားတယ်လို့ကိုမထင်တာပါ။ သစ်သီးတွေဆိုတော့လည်း ဝိတ်က မတက်ဘူးလေ။ ကမ္ဘာကျော်ဆယ်လီတွေရဲ့ အလှအပရေးရာ ပြင်ဆင်ပေးတဲ့ပညာရှင် ဂျိုအန်နာဗားဂတ်စ်ကတော့ ဒါတွေကို များများစားသူတွေဟာ အသားအရေကြည်လင်လှပစေတယ်လို့ ဆိုပါတယ်။
၁။ ထောပတ်သီး
ဗားဂတ်စ်ကတော့ ထောပတ်သီးကို အကြိုက်ဆုံးလို့ဆိုတယ်။ အသီးရွက်သုပ်တွေထဲကို ထောပတ်သီးလေးထည့်ထည့်ပြီး စားသတဲ့။ ဒါမှမဟုတ်ရင်လည်း မနက်ပိုင်းမှာ ထောပတ်သီးတစ်ခြမ်းလောက် ဖျော်သောက်တယ်လို့ သူမကပြောပါတယ်။ ထောပတ်သီးမှာ ကျန်းမာရေးအတွက်ကောင်းကျိုးပေးတဲ့ အဆီ ပါဝင်ပြီး အသားအရေကို စိုပြေလှပစေပါတယ်။
၂။ ခရမ်းချဉ်သီး
အသားအရေ ကျန်းမာလှပဖို့အတွက် အရေးကြီးတဲ့ ဟင်းသီးဟင်းရွက်အရောင် သုံးမျိုးရှိပါတယ်။ အနီရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်ပါ။ ခရမ်းချဉ်သီးဟာ နေလောင်ဒဏ်တွေကိုလည်း သက်သာစေပါတယ်။ အပူမပေးဘဲစားရင် ပိုပြီးအာနိသင်ရှိပါတယ်။
၃။ ကိုက်လန်
အစိမ်းရောင်၊ အနီရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးရာမှာ အရောင်ပိုရင့်လေလေ ပိုအာဟာရဖြစ်လေလေပါပဲ။ အစိမ်းရောင်ရင့်ရင့် ကိုက်လန်ရွက်က အသားအရေကို ကောင်းကျိုးပေးဦးမှာပါ။ ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက်တို့ဟာ အသားအရေကို ကြည်လင်စေတဲ့အရွက်တွေ ဖြစ်ပါတယ်။
Source : Forbes